တူအောင် တုနေတာလား

in #busy6 years ago

thumbs-up-2056022_960_720.jpg

ဟိုဘက်အိမ်ကအကြောင်းလေး ထပ်ရေးပါဦးမယ် အခုတလော ဟိုဘက်အိမ်က အတော်လေးကို
လှုပ်ခက်နေပါတယ် သတင်းအသစ်တွေလည်း တစ်ခုပြီး တစ်ခုထွက်နေပါတယ် အခုမှစတင်လည်ပါတ်
ကာစဆိုတော့ သို့လောသို့လောနဲ့ စတင်ခဲ့တယ်ဆိုရပါလိမ့်မယ် ဒါပေမယ့် အခုအခါမှာတော့ တဖြည်းဖြည်း သူ့ရဲ့လမ်းကြောင်းကို ပိုပြီး ပီပြင်အောင် ဖေါ်ဆောင်လာနေပါတယ်
သူကလည်း ဒီဘက်အိမ်လိုဘဲ အပ်ဒိတ် တစ်ခုကို စတင်ပြီး တင်လိုက်ပါပြီ အဲ့ဒီအပ်ဒိတ်တင်တာကို
ကြိုဆိုလက်ခံသူတွေ များစွာရှိကြပါတယ် အဲ့ဒိအပ်ဒိတ်တင်ခြင်းကလည်း သူ့ရဲ့ ဖေါ်ဆောင်မှုလမ်
ကြောင်းကို ပိုပြီးအရောင်တောက်စေခဲ့တယ်လို့ မြင်နိုင်ပါတယ်
ဘာလို့လဲဆိုတော့ အဲဒီအပ်ဒိတ်တင်ပြီးနောက်ပိုင်း ၀င်ရောက်လုပ်ကိုင်သူ လူသစ်တွေ တဖြည်းဖြည်း
များလာနေပါတယ် နေ့စဉ် အသစ်ဝင်ရောက်သူ တိုးလို့လာနေပါတယ်
ထူးခြားမှုအနေနဲ့ကတော့ စတီးမစ်လုပ်ကိုင်သူ အတော်များများဟာဆိုရင် အဲ့ဒီဘက် အိမ်ကို စတင်ဝင်
ရောက်လည်ပါတ်နေကြပါပြီ
အချို့ဆိုရင် စတီးမစ်မှာ နာမည်ကြီးသော ဆယ်လီ စာရင်းဝင်တဲ့သူများဖြစ်ပါတယ်
သူကတော့ စတီးမစ်နဲ့ တူညီနေတယ်လို့ ပြောတာကို သိပ်ကြိုက်ပုံမပေါ်ပါဘူး သူဆိုလိုချင်တာက
စတီးမစ်နဲ့ တူညီနေသော်လည်း စတီးမစ်သွားတဲ့ လမ်းကြောင်းအတိုင်း သွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်
climb-2125148_960_720.jpg

သူ့လမ်းကြောင်းကို သူတို့ကိုယ်တိုင် ဖန်တီးပြီး ထိုးဖေါက်မယ်လို့ ပြောနေပါတယ်
အားရစရာကောင်းတဲ့ အချက်တစ်ခုကတော့ တရားဝင်ကြေညာခြင်းမရှိသေးသော်လည်း လူအတော်များများ သိနေကြတာက သူ့ရဲ့ အိုင်စီအို ဖြတ်သန်းမှုက အတော်ကို ရင်ခုန်စရာကောင်းစေမယ်ဆိုတဲ့အချက်ပါဘဲ
ဆယ့်နှစ်လပိုင်းထဲမှာ သူ့ရဲ့ အိုင်စီအိုဖြတ်သန်းမှုမှာ အနည်းဆုံး တစ်ဒေါ်လာ ၀န်းကျင်လောက်နဲ့ စတင်
လည်ပါတ်မယ်လို့ ပြောနေသူတွေ များစွာ ရှိလို့နေပါတယ်
ဒါကို သတင်းစောစွာ သိနေသူ အချို့ကတော့ အခုလက်ရှိ သူ့ရဲ့ ပါဝါကို 0.05 ပေးပြီးလိုက်ဝယ်နေသူတွေ ဖြစ်ပါတယ်
ဒီနေ့တော့ အဲ့ဒီသတင်းကို ပိုပြီး ခိုင်မာစေတဲ့အချက်အလက်တွေ ထွက်လာပါပြီ
သူ့ရဲ့ပါဝါဖေါင်းပွမှုနဲ့ ပါဝါအထွက်နှုန်းကို တစ်ဝက်ကျော် လျှော့ချလိုက်ပါပြီ လက်ထဲမှာ ပါဝါကြိုတင် စုဆောင်းနိုင်ခဲ့သူတွေအတွက်တော့ များစွာ အဆင်ပြေပြီလို့ဆိုနိုင်ပါတယ် တစ်ချို့ကတော့ အခုလိုပါဝါ လျှော့ချလိုက်တာကို သိပ်သဘောမကျပါဘူး ကျွန်တော်ကတော့ ဒီလို လျှော့ချမှုကို အလွန်နှစ်သက်ပါတယ် သူ့ရဲ့ဆိုဒ်ဟာ အင်မဟုတ်ဘူးဆိုတာကို သက်သေပြချက် လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။
business-3716552_960_720.jpg

နောက်ထပ် ရက်ပေါင်း ခြောက်ဆယ် နှစ်လလောက်မှာ ဒီအဖြေကရှင်းလင်းသွားတော့မှာပါ
လူများစွာကတော့ ထိုရက်ပေါင်းခြောက်ဆယ်ကို ထိုင်စောင့်နေကြပါတယ် စောင့်ကြည့်လေ့လာသူ
အတော်များနေပါတယ် သေချာပါတယ် ဆယ့်နှစ်လပိုင်းမှ စတင်လုပ်ကိုင်သူတွေက တစ်ကနေ ခက်ခဲစွာ စတင်ရပါလိမ့်မယ်။ ယနေ့စတင်လုပ်ကိုင်မယ်ဆိုရင်တောင် ရှေ့က တင်ကြိုလုပ်ကိုင်သူတွေနဲ့ ခရီးက အတော်ကို ဝေးကွာသွားပါပြီ ဒါတောင် တစ်လကျော်လေးဘဲရှိပါသေးတယ်။ သူ့တန်ဖိုးကို ရင်ခုန်စွာစောင့်မျှော်နေသူတွေကတော့ ပါဝါတွေ
လက်ဝယ်ပိုင်ဆိုင်နေကြပါပြီ
စတီးမစ်နဲ့အတူ တစ်ဒေါ်လာဝန်းကျင် ဈေးမပေါက်ဘူးလို့ ဘယ်သူပြောနိုင်ပါ့မလဲလေ
အဖြေကတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားကြပါစို့လေ
@bobokyaw.jpg

Photo Credit : Original source
Author : @bobokyaw

Sort:  

အခုထိတော့အဆင်ပြေနေပါတယ်နောက်ပိုင်းဘယ်လောက်ရနိုင်လဲတော့မသိဘူးဗျ

သေချာပေါက် ဈေးရမှာပါ များများရအောင်လုပ်ထားတော့

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the total payout received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Presentamos el Ranking de SteemitBoard

Support SteemitBoard's project! Vote for its witness and get one more award!

ကျေးဇူးတင်ပါတယ်

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63376.37
ETH 3089.73
USDT 1.00
SBD 3.82