နှစ်ပင်လိမ်

in #busy6 years ago

@bobokyaw.jpg
ကွမ်းရာ စားရတာကို ဘယ်ကတည်းက သဘောကျသွားမှန်း မသိလိုက်ဘူး အရင်က ကွမ်းယာ မကြိုက်ပါဘူး အခုတော့ စားရင်း ၀ါးရင်း ရင့်ကပ်သွားတယ်လား မသိပါဘူး အလွန်ကြိုက်လို့ နေမိပြီလေ
စွဲနေပြီ ဆိုရင်လည်း ဟုတ်မယ်ဗျ။ မင်းကွမ်းစွဲ နေပါပြီကွာလို့ ပြောရင်တော့ သိပ်တော့ မကြိုက်ချင်ရယ်ဘူး
ဒါပေမယ့် ပြန်လည်း မငြင်းသာပါဘူး။ ပြောတဲ့သူရှေ့ အမြဲ ကွမ်း တဗျစ်ဗျစ် ထွေးနေမိသကိုး။
ကွမ်းစားတာ မကောင်းဘူးဗျ။ ညစ်ပတ်တယ်။ သွားတွေလည်း ကျဲသဗျာ။ သွားတော့ မနာသေးပါဘူး။
နောက်မှ အခွေလိုက် ကျွတ်ထွက်မလားတော့မသိဘူး။ အခုတော့ စားလို့ကောင်းနေတုန်းဘဲ

အစက ဒီလိုဗျ ကျုပ်က ကွမ်းမကြိုက်ဘူး။ ၀ါးတော့ ၀ါးတယ် ဟိုလူကပေး ဒီလူကကျွေးနဲ့ စားပြီး ၀ါးပြီး ပြီးသွား
တာဘဲ သူများတွေ ကွမ်းက စွဲတယ် ပြောရင် ကျုပ်က ရယ်ချင်တာဗျာ။ တွေ့တုန်းကြုံတုန်း စားလိုက်တာဘဲ
နောက်ရက် သတိလည်းမရဘူး စားချင် ၀ါးချင်စိတ်လည်း မရှိပါဘူး။ ချင်ခြင်းတပ်တယ် ခံတွင်းချင်တယ်တွေ ဘာတွေ မရှိပါဘူး။ ဒါကြောင့်ကွမ်းယာတော့ အကြိုက်မဟုတ်လေဘူးလို့ ဟိုတုန်းက
ထင်ခဲ့သဗျ ။ အဲ......ဒိလိုနဲ့ မကြာပါဘူး ကွမ်းစွဲခြင်း ကွမ်းစားခြင်း ကွမ်းကြိုက်ခြင်းဘက် ရောက်မှန်းမသိ
ရောက်လို့လာရပါတော့တယ်။ ချက်ချင်းကြီးတော့ မဟုတ်ပါဘူး။ တဖြည်းဖြည်းချင်းပေါ့ အစွဲအလမ်းဆိုတာ အဲ့သလိုစတာပါဘဲ
ကျုပ်အလွန်ကြိုက်တာ ဆေးလိပ်ဗျ။ ဆေးလိပ်ကို ဘယ်ကစသောက်သတုန်းဆို ဟိုးလွန်ခဲ့သော နှစ် နှစ်ဆယ် ၀န်းကျင်လောက်က ဖြစ်မလားဘဲ မှတ်တော့မထားမိဘူး။ မှတ်မိသလောက်ဆိုရင်တော့ ဘာတဲ့
ဆေးလိပ်နာမည်က လန်ဒန်တဲ့လေ။ ရွှေရောင်ဘူးလေးနဲ့ အဲ့ဒီဆေးလိပ်လေး ဖွာမိရင်းကနေ လူငယ်သဘာဝ စတိုင် မလိုင် ထုတ်ရင်း အားကျမခံ သူလုပ်တိုင်း လိုက်လုပ်ရင်း ဆေးလိပ်ကြိုက်လာခဲ့တာပေါ့။ ငယ်တုန်းကတော့ ဘာသိမှာလဲ ဘာဖြစ်မလဲဗျာ ခံနိုင်ရည်အားကကောင်း
သကိုး။ ဘယ်လောက်သောက်သောက် ဘာမှမဖြစ်ဘူးရယ် ဘေးလူ နံတာလွဲလို့ပေါ့။ ဒီလောက်နှစ်တွေ
ကြာအောင် သောက်လာတော့ ဟိုတလောက ပေါ့ ညဘက် အိပ်ရင် အိပ်ရခက်လာသဗျ အသက်ရှူရတာ
မ၀တော့ဘူး။ အိပ်မပျော်မချင်းက နေရခက်လိုက်တာဗျာ။ တစ်ရက်နှစ်ရက်မဟုတ် ညတိုင်းဆိုတော့ နဲနဲလန့်လာတယ်။ ဒါနဲ့ဘဲ ငါတော့ ဆေးလိပ်ဖြတ်ဦးမှပါကွာဆိုပြီး ဖြတ်လိုက်တာ ဆေးလိပ်ဖြတ်တာချည့်
အကြိမ် နှစ်ဆယ်ကျော်မလားမသိဘူး ဆေးလိပ်ကတော့ ပြတ်မသွားပါဘူး။ ဆေးလိပ်ဖြတ်တဲ့ အကြိမ်ရေ
သာတိုးလာတယ်။ ဒါနဲ့ လက်လျှော့ရပြန်တယ် အသက်ရှူရတာကလည်း ဆေးလိပ်ဖြတ်တုန်း ရက်ပိုင်းလောက် ပြန်ကောင်းလာတော့ နောက်ပိုင်းပြန်သောက် ပြန်ပြီးအသက်ရှူရခက်နဲ့ လုံးချာလိုက်ေ
နလိုက်တာ နောက်တော့ မဖြစ်သေးပါဘူး။ အပြောင်းအလဲလေး လုပ်ကြည့်မှပါဆိုပြီး ဆေးလိပ်အစား
ကွမ်းယာ ပြောင်းပြီး ၀ါးတာပေါ့ဗျာ။ ဘာရမလဲ ကွမ်းယာက တစ်ရက်တစ်ထောင်ဖိုး မလောက်ဘူး ဆေးလိပ်တော့ အတော်ကို သောက်တာကျဲသွားတယ် အသက်ရှူတွေဘာတွေ ပြန်မှန်လာတယ်လေ
တဖြည်းဖြည်း ကွမ်းကြိုက်လာမိတယ် ဆေးလိပ်လည်း မပြတ် ကွမ်းကလည်းကြိုက်နဲ့ နှစ်ပင်လိမ်ပါလေ
ရော မတက်နိင်ဘူးလေ ကိုယ်လည်း ဒါနှစ်ခုလောက် အာရုံထားလုပ်မိတာပါဘဲ ဆိုပြီး သောက်လိုက်ဝါးလိုက်လုပ်လာလိုက်တာ ကွမ်းယာက တစ်ရက်နှစ်ထောင်လောက် ကုန်လာတယ်။
ဆေးလိပ်တစ်ခုတည်းသောက်တုန်းက တစ်ရက်တစ်ဘူးဆို လောက်တယ် ကွမ်းယာက ငွေပိုကုန်နေရော
ဒါနဲ့ ဥာဏ်ကူရတာပေါ့ ကွမ်းသီးအမာလေးထည့်စားရတယ်။ ဒိတော့ တစ်ရက် တစ်ထောင် မကုန်တော့ဘူး ဖြေဆေးထိုးမိခါမှ ပိုဆိုးတာတစ်ခုဖြစ်လာတယ် ကွမ်းသီးအမာက ပိုစွဲသဗျ တဒုတ်ဒုတ်နဲ့
ဝါးရတာကတော့ ကောင်းမှကောင်းဗျာ ဒါနဲ့ ကွမ်းယာ ပိုစားဖြစ်ပြီး ကွမ်းပိုကြိုက်လာသဗျာ
ဒီနားလေး တစ်ထောက် ရပ်ထားရဦးမယ် နက်ဖန် ဆက်ရေးမယ်ဗျာ
@bobokyaw

Sort:  

ဖြတ်နိုင်မှနော်ရောဂါကိုဝယ်ယူနေရသလိုဘဲနော်

ဟုတ်တယ်အစ်မရေ တကယ်တော့ မကောင်းပါဘူး

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 16.03% upvote!
I was summoned by @bobokyaw. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Thanks you ninja

You got a 7.45% upvote from @postpromoter courtesy of @mmunited!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you postpromoter

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60793.36
ETH 2909.65
USDT 1.00
SBD 3.64