အပြုံး

in #busy6 years ago

အချိန်​တိုင်း ​သေဆုံး​နေပြီး
အချိန်​တိုင်း ရှင်​သန်​​နေတဲ့
ကိုယ့်​ကိုယ်​ကို
မေ့သွားခဲ့တယ်​...

အစားထိုးကုထုံး​တွေထဲ
မပါနိုင်​တဲ့ အချိန်​​တွေထဲ
တိုးဝင်​​နေရခြင်းကို
ရုန်းကန်​မှုလို့ မထင်​မိခဲ့တဲ့
ကျွန်​မကိုယ်​တိုင်​..သိပ်​ကို မိုက်​မဲလွန်းခဲ့တယ်

သတိရှိဖို့ သတိထားဖို့ထက်
သတိလက်​လွှတ်​ ရယ်​​မော​နေရတာကို
မမီမကမ်း ဖမ်းဆုပ်​ရင်း
ကိုယ့်​သာယာမှုနဲ့ ကိုယ်​..
ကိုယ်​လိုရာအရပ်​ဟာ
တဖြည်းဖြည်း​ဝေးလာတယ်

မခက်​ခဲ​ပေမဲ့ နက်​နဲလွန်းတဲ့ပုစ္ဆာ​တွေဆီမှာ
အ​ဖြေရှာနည်း​တွေရှိပြီးသားတဲ့
ကျွန်​မက​တော့ မကြည့်​ခဲ့မိဘူး
(ပျင်းလို့)

ကျွန်​မ ​​ဘုရင့်​​နောင်​လို
ဖောင်​ဖျက်​ပစ်​လိုက်​ဖို့ စိတ်​ကူးရှိတယ်
ဒါ​ပေမဲ့
ဖောင်​နဲ့ ​မျှော​နေရခြင်းထဲက
ပတ်​ဝန်းကျင်​​လေးကပဲ
ဆွဲ​ဆောင်​ထားခဲ့ပြန်​​ရော...
FB_IMG_1521446367112.jpg

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 70153.57
ETH 3783.62
USDT 1.00
SBD 3.72