ငွေစလေးမှ သိန်းပေါင်းများစွာ သို့.........

in #busy6 years ago

7-6.jpg
from google images
ဘာကြောင့် ခင်ဗျား ငွေတွေစုလို့မကျန်လဲ.....
ငယ်ငယ်တုန်းက တစ်ရက်ကို ၂၀ ကနေ ၅၀ ကျပ်ရရှိတယ် ။ ကျနော်တို့တွေ ဘဝတွက် လုံးလောက်စွာဖြတ်သန်းနိုင်တယ်။
ဒါပေမဲ့ ကျနော်တို့ အသက်ရွယ်ကြီးလာတဲ့ခါ အသုံးစရိတ်တွေက အရင်ကထက် နည်းသွားတယ်ဆိုတာ မရှိခဲ့ဘူး။တစ်နေ့ထက်တစ်နေ့
ပိုပိုလာတာပဲရှိတယ်။ကျနော်တို့ ငွေပိုရှာရပြီး အသုံးစရိတ်တွက် အမြဲလာလာဖို့နေရတော့ ငွေတွေ စုထားတယ်လို့ မရှိတော့ဘူး။
ဒီလိုဆို ကျနော်တို့ သူများတွေလို ဘယ်လိုလုပ် ငွေတွေကို စုထားလို့ရနိုင်မလဲ။
အရင်ဆုံးကျနော်တို့ သိထားရမှာက ငွေစုမယ်ဆိုရင် အဓိက ရန်သူက အသုံးစရိတ်ဖြေရှင်းနေရတာမဟုတ်ဘူးဆိုတာ။ အဓိက ရန်သူက
အရင်ဆုံး အသုံးပြုတာတွေ များလို့ပါ။ အဲ့တာတွေကို မချင့်ချိန်နိုင်သရွေ့  ကျနော်တို့ ငွေဘယ်လောက်ရှာရှာ မကျန်နိုင်ဘူး။
အကြောင်းရာတစ်ခုပြောပြမယ်နော်။ မိန်းခလေးတစ်ယောက် သူဟာ သိန်းတစ်သောင်းထီပေါက်သွားတယ်။ အစကတော့ သူဟာ
သူ့ မိသားစု ပျော်ရွှင်ဖို့ အရင်ဆုံးလုပ်မယ်လို့ စိတ်ကူးထားတယ်။ တကယ်ကျတော့ သူမလုပ်နိုင်ခဲ့ဘူး ၊ သူ့ဟာ အဝတ်စားတွေ အများအပြားဝယ်တယ် ၊ အလှပြင်
အသုံးဆောင်ဝယ်တယ် ဆိုင်သွားအလှပြင်တယ် ၊ မလိုအပ်တာတွေ ကြိုက်တာတွေ့ရင် ဝယ်ပစ်တယ် ၊ နောက်ဆုံး မူးယစ်ဆေးတွေပါ သုံးဆွဲလာတယ်။
နောက်ဆုံးမှာ သူ့မှာ ဘာမှ မကျန်တဲ့ဆုံး သူ့ကိုသူ သတ်သေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ကံကောင်းစွာပဲ သူ့ကိုသူ ပြန်စဉ်းစားမိပြီး ကျောင်းပြန်တတ်ပြီး
သူ့ ပြန်ပြုပြင်သွားခဲ့တယ်။ ဒီလိုပဲ တစ်ခါက ကျနော်ဆံပင်ညှပ်တုန်းကပေါ့ ဆံပင်ညှပ်ပေးတဲ့ ဆိုင်ပိုင်ရှင်က အသက် ၄၀ နီးပါးပေါ့။
သူဆံပင်ညှပ်ရင်းနဲ့ ညှပ်ပေးနေတဲ့သူနဲ့စကားပြောနေတယ်။ ငါတဲ့ အလုပ်လုပ်လာတာ နှစ်တော်တော်ကြာနေပြီး စုထားတဲ့ ငွေရယ်လို့ ခုထိမရှိသေးဘူးတဲ့။
ဟူး...မွေးလာကတည်းက ဆင်းရဲ ဘယ်လိုလုပ်မှ ချမ်းသာနိုင်မလဲနော်.. ထီလေးပေါက်သွားရင် ကောင်းမယ် အေးဆေးနေနိုင်ရအောင်တဲ့။
ကိုယ့်ရှေ့ မှာ အဲ့လိုလာညည်းနေတော့ ဒီကလဲ နားကလဲ ကြားတတ်တယ်။ အဲ့လိုကြားမှ ကျနော်လဲ စဉ်းစားမိတယ် ဒီလူး ဒီလောက်နှစ်အကြာကြီး
အလုပ်တွေလုပ်ပြီး ဘာတွက် ပိုက်ဆံ မကျန်ရတာလဲပေါ့။ သူလဲ ထိုလူနဲ့စကားတွေ အများကြီးပြောပြီး ကျနော်ဖက်လှည့်ပြီး ညီ မင်းက အသက်ငယ်ငယ်လေး
ပိုက်ဆံတွေရှာပြီး သုံးလို့ကုန်သွားလဲ ပြသနာမရှိဘူး နောက်ထပ် ထပ်ရှာလို့နိုင်သေးတယ်။ အကို့ကိုပဲ ကြည့်ပါအုန်း အသက်က ကြီးနေပြီး ညီလို မရှာနိုင်တော့ဘူး။
အို ရှင်းရောဗျာ။ ဒါပါပဲ ဆုံးဖြတ်ချက်မှားတယ်ဆိုတာ။ တစ်ချို့ က ထင်ကြတယ် ရှာလာသမျှ အရင်သုံးပစ်လိုက်ကြတာပါပဲ။ အမှန်ဆို အဲ့လိုမလုပ်သင့်ပါဘူး။designsvn-tao-dang-thiet-ke-san-pham-hop-tiet-kiem-sieu-dang-yeu26.jpg
from google images
ငွေစုတယ်ဆိုတာ အဓိက သည်းခံခြင်း ၊ သင့်သလောက်သုံးခြင်း ၊ ကိုယ့်ကိုကိုယ် ငါလုပ်နိုင်တယ်ဆိုပြီး ဆုံးဖြတ်ချက်ချနိုင်ရမယ်။ သေချာတယ် ငွေစုတယ်
ဆိုတာ ဘယ်တော့မှ အလကားမရလာဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ အသုံးစရိတ်ထဲက ဖဲ့ပြီး စုလာရတာပါပဲ။ ကဲ ဒါဆိုရင် ကိုယ့်ရဲ့ အသုံးစရိတ်ကို လက်ရှိ
ပျော်ရွှင်မှုတစ်ခုတည်းကို ကြည့်ပြီး မသုံးတော့ဘူးလို့ ဆုံးဖြတ်ချက်ချနိုင်ပြီးလား။ ဒါဆို ကျနော်တို့ ဆွေးနွေးကြည့်ရအောင်။
အရှေ့မှာလဲ ကျနော်တင်ပေးဖူးထားပါတယ် ငွေစုနည်းလေးတွေ ၊ ခုလဲ တကယ့်အသုံးဝင်မဲ့ထင်တဲ့ နည်းလေးပါ။
အရင်ဆုံး ငွေရှာမယ် ၊ သုံးမယ် ၊ ပိုတာကို စုမယ် ၊ ဒီနည်းလမ်းလေးတော့ မသုံးသင့်ပါ တကယ်တော့ ဒါဟာမှားတဲ့နည်းလေးပါ ၊ ကျနော်ကိုယ်တိုင်လဲသုံးဖူးတယ်
အဆင်မပြေပါဘူး။
အရင်ဆုံး ငွေရှာမယ် ၊ စုမယ် ၊ ပိုတာကို သုံးမယ် အဲ့နည်းက ကျနော်တို့တွက် လုံးဝ သင့်တော်ပါတယ်။ တကယ် ငွေစုချင်တဲ့သူဆိုရင်တော့ ကျနော်ပြောတာတွေ
မှတ်ထားပေးပါ ၊ ဘယ်သူက ဘယ်လိုချမ်းသာတယ် အဲ့တာတွေက သိပ်ပြီး အားကျနေရမှာ မဟုတ်ပါဘူး ၊ ငွေစုဘူးထဲမှာ ငွေစ အနည်းငယ်လေးကနေ ငွေအများပြား
ဖြစ်လာနိုင်ဖို့အရေးက အဓိကပါ။ ကျနော်တို့ 10 ကနေ စုမယ် 10 ဆဖြစ်လာရင် 100 ရလာမယ် ၊ အဲ့လိုပဲ နည်းနည်းချင်းများလာမှာပဲလေ။ ရလာတဲ့ ငွေတွေကို
အရင်းနှီးလုပ်ချင်သလား လုပ်လိုက်ပါ၊ အစဆိုရင် အနည်းကနေ စပေါ့နော် ၊ အတွေ့ကြုံရလာရင် သိန်းနဲ့လား သန်းနဲ့လား ဒါကတော့ ကိုယ့်ပေါ်မှာ မူတည်ပါတယ်၊
ကိုယ့်တွက် စိတ်ပူပင်မှူ မရှိလောက်တဲ့ အခြေနေဆို ရလောက်ပါတယ် ၊မတော်လို့ ဆုံးရှုံးသွားရင် ကိုယ်တိုင်ပဲ အချိန်တွေ အလကားကုန်မှာပါ၊
တကယ်လို့ ကိုယ်တိုင်အရင်းနှီးတွေ အောင်မြင်လာတဲ့ခါ ကိုယ့်ကိုကိုယ် ယုံကြည်မှူ ပိုမိုရရှိလာမယ် ၊ အဲ့ဒီ ယုံကြည်မှူကပဲ ကျနော်တို့တွေကို သုညကနေ
ဒီထက်ကောင်းတဲ့ ဘဝတွေဆီ ပို့ဆောင်ပေးလိမ့်မယ် ။
ကျနော်ပြောတာ မယုံပါနဲ့ ကိုယ်တိုင်လုပ်ကြည့်ပါ ၊ ကိုယ်တိုင်လုပ်မှ ကိုယ်တိုင်သိမှာပါ။ ရှေးကလူကြီးတွေကပြောကြတယ် ငွေ တစ်သိန်းဆိုတာရှာရခက်တယ်၊
ဒါပေမဲ့ အဲ့ငွေ တစ်သိန်း ရှာလို့ရလာပြီးရင် နောက်ထပ် နောက်ထပ် သိန်း ၊ သန်းဆိုတဲ့ ကိန်းဂဏန်းတွေဆိုတာ မခက်ခဲတော့ဘူးတဲ့။1420172527765.jpeg
froom google images
မိတ်ဆွေတို့ရော အဲ့ဒီစကားကို ယုံကြည်နိုင်ကြမလား။ ဒါဆိုရင် ခုတည်းက လုပ်ကြည့်ကြရအောင်။။။။
အားလုံးလဲ သိန်းပေါင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေ။

@moethet

MSO_5

Sort:  

This post has received a 0.89 % upvote from @speedvoter thanks to: @moethet.

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69942.87
ETH 3793.57
USDT 1.00
SBD 3.73