နပန်းသတ်ခဲ့ရသော Adverb များ

in #busy6 years ago

image

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၄)
…………………………………..
(3) Adverbs of time ( အချိန်ပြ ကြိယာဝိသေသနများ)
Today, in June, last year, finally, before, already, soon, still, last, .. စတဲ့ အချိန်ကိုပြတဲ့ ကြိယာဝိသေသနများ ဖြစ်ပါတယ် ၊ when ဆိုတဲ့မေးခွန်းရဲ့ အဖြေများဟာ time adverb များဖြစ်ကြပါတယ် ၊ သုံးတဲ့နေရာတွေကတော့
..................
(3.1)
ပုံမှန်အားဖြင့် Time adverb အများစုကို ၀ါကျနောက်ဆုံးမှာ ထားလေ့ရှိပါတယ် .
Eg.. I am going to London (today).
ဒီနေ့ ကျနော် လန်ဒန်ကို သွားမလို့ပါ
(တချို့က going to နောက်မှာ go to ထပ်ထည့်တာတွေလည်း တွေ့ရတတ်ပါတယ် )
.
Eg. I am GOING TO GO OUT with my friends (on Sunday).
တနင်္ဂနွေနေ့မှာ ကျနော့်သူငယ်ချင်းတွေနဲ့အတူ အပြင်ထွက်လည်မယ်
.............................
(3.2)
Time adverb ကို အသားပေးဖေါ်ပြချင်တာမဟုတ်လျှင် ၀ါကျရှေ့ဆုံးမှာထားနိုင်ပါတယ် (Place adv နဲ့ သဘောချင်းတူပါတယ်)
(Lately) I have been thinking about you baby.
အခုတလော ကိုယ် မင်းအကြောင်းတွေးနေဖြစ်ခဲ့ပါတယ် ကလေးရယ် ။
ဒီဝါကျမှာ Lately (adv) အခုတလော .. ဆိုတဲ့ အချိန်ကာလကို မှိန်ပြပြလေးပဲ ပြောချင်တာဖြစ်ပြီး သတိရနေတာကို အဓိက ပြောချင်တာမျိုးပါ ။
( think about ဆိုတာက ဘယ်လို ဘာကြောင့် စသည်ဖြင့် ကိုယ်ကတွေးယူတာ ၊ think of ကတော့ ကိုယ်တိုင်က မတွေးပဲ အတွေးထဲရောက်လာတာ ၊ အတွေးထဲမှာ နေရာယူသွားတာမျိုးမှာသုံးပါတယ် ၊ အပေါ်က စာကြောင်းမှာ about နေရာ of ပြောင်းသုံးလည်းရပါတယ် )
.........................
(3.3)
ဟောဒီစာလုံးတွေကိုတော့ verb ရှေ့မှာထားနိုင်တယ်လို့ဆိုပါတယ် ၊ အဲဒါတွေကတော့ finally, eventually (နောက်ဆုံးတွင်တော့) , already, soon, last, just, still .. တို့ ဖြစ်ပါတယ်
After a long delay the performance (finally) started.
အကြာကြီးအချိန်တွေကြန့်ကြာပြီးခါမှ နောက်ဆုံးမှာ တင်ဆက်မှုကို စခဲ့တယ်
Her constant campaigning (eventually ) got her the position of president.
သူမရဲ့ အစဉ်တစိုက် လှုံ့ဆော်တိုက်ပွဲဝင်ခြင်းက နောက်ဆုံးမှာတော့ သူမကို သမတနေရာ ရစေခဲ့ပါတယ်
( eventually က အချိန်ကြန့်ကြာမှုတွေ အခက်အခဲတွေ အငြင်းပွားမှုတွေကို ကျော်ဖြတ်ပြီး နောက်ဆုံးမှာတော့ .. ဆိုတဲ့သဘောဖြစ်ပါတယ် )
They have (already) agreed to come.
သူတို့ လာဖို့ သဘောတူပြီးပြီ
We will (soon) be home.
ကျနော်တို့ မကြာခင် အိမ်ကို ရောက်မယ်
I (last) saw him in New York two years ago.
ကျနော်သူကို့ နယူးယောက်မှာ လွန်ခဲ့တဲ့ ၂ နှစ်က နောက်ဆုံး တွေ့ခဲ့ပါတယ်
I've (just) seen the newspaper.
ကျနော်သတင်းစာကို မြင်ပြီးရုံလေးပဲ ရှိသေးတယ် (သေချာမဖတ်ရသေး)
He is (still ) planning to go tonight.
သူက ဒီနေ့ညသွားဖို့ စဉ်းစားနေတုန်းပါ
....
အခုဒီနေရာအထိ တင်ပြချက်များဟာ Practical English Usage စာအုပ် စာမျက်နှာ (135) ရှိ ရေးသားချက်များကို ကိုးကားထားပါတယ် ၊ ပိုပြီးပြည့်စုံစေဖို့အတွက် ကျနော့်ရဲ့ အတွေ့အကြုံများကို အင်တာနက် စာမျက်နှာများနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အောက်ပါ အချက်အလက်များကို ဖြည့်စွက်လိုက်ပါတယ် ။
……………………………………………………………………………………
(3.4) ၀ါကျတစ်ခုတည်းမှာ Time adverb နှစ်ခုပါခဲ့လျှင် ပိုပြီး တိကျတာ ၊ အသေးစိတ်ကျတာကို ရှေ့ကထားရပါတယ် (If there are two adverbs of time the more precise one is first!)
He is going to have a skiing lesson at 10 a.m. on Monday.
သူက တနင်္လာနေ့ မနက် ၁၀ နာရီမှာ နှင်းလျှောစီးသင်တန်း သွားတက်ဖို့ရှိတယ်
..................
(3.5) Time adverb တွေကို

~ Duration အချိန်အတိုင်းအတာ,
~ Frequency အကြိမ်ရေ,
~ Point of time အချိန်တိတိကျကျ
..
..ဆိုပြီး ခွဲထားပါသေးတယ် ၊
Adverb of Frequency အပိုင်းမှာ frequency ကို ထပ်ပြောပါဦးမယ် ၊ အခုဒီမှာလည်း ဆက်စပ်သလောက်ကို ပြောသွားခဲ့ချင်ပါတယ် ။ ၀ါကျတစ်ခုတည်းမှာ အဲဒီ သုံးမျိုး ပါခဲ့လျှင် အောက်မှာဖေါ်ပြထားတဲ့အတိုင်းစဉ်ရပါမယ် ( If you need to use more than one adverb of time at the end of a sentence, use them in this order: )
.
1: 'how long' (Duration) အချိန်ဘယ်လောက်ကြာကြာ
2: 'how often' (Frequency) ဘယ်လောက် မကြာမကြာ (ဘယ်နှစ်ကြိမ်)
3: 'when' (Point of time) ဘယ်အချိန် .. စသည်ဖြင့် ဖြစ်ပါတယ် ။
.
Eg.
She worked in a hospital (1) for two days (2) every week (3) last year.
She worked in a hospital for two days every week last year.
သူမ မနှစ်က သီတင်းပတ်တိုင်း တစ်ပတ်ကို နှစ်ရက် ဆေးရုံမှာ အလုပ်လုပ်ခဲ့ပါတယ် ။
.. စသည်ဖြင့် မှတ်သားနိုင်ကြပါတယ်
…………….
မေတ္တာဖြင့်..

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by thaelay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60845.74
ETH 2912.93
USDT 1.00
SBD 3.67