တုံးခု၍ လှမ်းခြင်း

in #busy6 years ago

လုပ်ချင်နေတာကို မဖြစ်ဖြစ်အောင်လုပ်မယ်လို့ စိတ်ကူးပေါက်မိရင် ဦးလွှမ်းမိုး ဆိုထားတဲ့ သီချင်းကို သတိရမိတယ်။ ဘာတဲ့ တုန်းခုလို့မှ လှမ်းမရရင် ခုန်ပြီးတော့ ခူးမယ်တဲ့။ ခုန်ပြီးခူးလို့မှမရရင် တံချူနဲ့ ထိုးချမယ်တဲ့။ မလွယ်ပေမဲ့ လုံးလ ဝရိယ ရှိရမယ်တဲ့။ ဆိုတော့ကား ယောက်ျားမည်သည်ကိုလိုချင် ရချင်တာကိုတော့ တနည်းနည်းနဲ့ ဖြစ်အောင် ရအောင်ယူရတော့မှာပဲ။
48qEzeAR_400x400.jpg
အခုရက်ပိုင်း လိုချင်နေတဲ့အရာက တစ်ခြားတော့ မဟုတ်ပါဘူး။ စတီးမစ်မှာ စာရေးနေသူဆိုတော့ စတီးဒေါ်လာတွေ စတီးပါဝါတွေရချင်လိုချင်တာပေါ့ဗျာ။ အဲ့ဒီဒေါ်လာတွေ ပါဝါတွေ ဆိုတာကလည်း သူများက ကို့ကို ဘု ပေးမှ ရမဲ့အမျိုးပေကိုးဗျ။ ဘုမဲ့သူ မရှိတော့လည်း ဘုကိုငွေပေးဝယ်ရတာပေါ့ဗျာ။ ဘု အရောင်းအဝယ်တွေထဲမှာ အမျိုးသမီးတစ်ယောက်က နံမည်ကြီးလာပါရော။ သူ့နံမည်က မနှောင်းတဲ့လေ။

မနှောင်း ဆိုတာကလည်း ဒီလောကသားတွေကြားထဲမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို ဖြစ်နေတော့ သူ့ဆီက ဘု တစ်ချက်ကို ပိုက်ဆံပေးဝယ်သော်လည်းပဲ ဝယ်ချင်တိုင်းဝယ်လို့က မရပြန်ဘူး။ သူက အရမ်းရောင်းကောင်းလေတော့ ချေတယ်ပြောရမလား ဘာလားပဲ။ ဖောက်သည်တွေကို မိတ်ဖျက်ပစ်တယ်ခင်ဗျ။ ဆိုတော့ ကိုတွေကလည်း သူနဲ့ အလုပ်တွဲလုပ်ရင် သူ့ဆီက ဘု ဝယ်လို့ရရင် စတီးပါဝါတွေ မြတ်တယ်ဆိုတော့ကား သူ့ကိုက လက်မလွတ်ချင်ဘူး။ ကိုကသာ လက်မလွတ်ချင်တာ သူက ကိုတွေကို ရောင်းမပေးတော့ပဲ အမည်မည်း စာရင်းတင်တယ်ဆိုလား ဘာလားပဲ။

အဲဒီမှာ စတွေ့တော့တာပါပဲ။ သူနဲ့ဆက်အလုပ်လုပ်ချင်သေးပေမဲ့ သူက အမည်မည်း စာရင်းတင်လိုက်တော့ မနှောင်းနဲ့ ဇာတ်လမ်းက တစ်ခန်းရပ်ရမလို ဖြစ်လာတယ်။ စတီးဈေးတွေက ကျလို့ ခွက်ခွက်လန်အောင် ရှုံးနေရတဲ့ အထဲ ကိုက တစ်ဖက်သတ် ချစ်ရလေသူ မနှောင်းက ရှင်ခန်းပြတ် လုပ်ပြစ်လိုက်တော့ လူလုံးမလှပဲ အပူလုံးတွေကြွကာ ရူးချင်သလိုလို ဘာလိုလိုတွေတောင် ဖြစ်သွားမိသေးတယ်။
download (8).png
ဒါပေမဲ့ ထိုင်နေလို့တော့ ဘာမှဖြစ်မလာနိုင်ဘူး ဆိုသလိုပဲ လိုလျင် ကြံဆလိုက်တော့ နည်းလမ်းလေး တစ်ခုတော့ ရလာလိုက်ပါရဲ့။ မနှောင်းရဲ့ အချစ်ကိုမှ မရရင် မဖြစ်ဘူးဆိုတော့ သူကလည်း လက်ရှိကို့ရဲ့ ရုပ်သွင်ကို မနှစ်သက်ဘူးဆိုလေတော့ ဘာလုပ်ရမလဲ စဉ်းစားကြည့်လိုက်မိပါတယ်။

လူကြံရင် မိချောင်းတောင် ပိုက်ဆံအိတ်ဖြစ်သေးတာဆိုတော့ နည်းတစ်ခုတော့ တွေ့လိုက်တယ်။ မနှောင်းဆီ ရုပ်ဖျက်ပြီး သွားဖို့ပေါ့။ ဟုတ်ပြီ ပြောနေကြာတယ်ဆိုပြီး သူများဆီက မျက်နှာဖုံး တစ်ခုကို ဝယ်ပြီး ကောက်စွပ်လိုက်တယ်။ သူက အရင်မျက်နာကို မကြိုက်တော့ဘူး ဆိုတာကိုး။ အဲဒီလိုစိတ်ကူးရပြီး အခုလို စာကို ရှည်ရှည်ဝေးဝေးရေးနေရတာပါပဲ။ မိနှောင်းက တိုရင် သိပ်မကြိုက်ဘူးလို့ သိရတယ်လေ။

မိနှောင်းရေ ငါ နင့်ဆီက အချစ်ကို ရဖို့ အစွမ်းကုန် ကြိုးစားကြည့်ပါရစေဦးဟာ။ နင့်အချစ်ကို ရဖို့ ငါနည်းမျိုးစုံနဲ့ အချစ်စစ်မျက်နာတွေ ဖွင့်ပြီးတိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီမျက်နာကို သဘောမကျရင်လည်း နောက်မျက်နာနဲ့ နင့်ဆီပြန်ဝင်လာနိုင်အောင် ငါကြိုတင် ပြင်ဆင်ထားပြီးပါပြီ။ နင်ကလည်း မင်းကြီးကြိုက် ဖြစ်နေတော့ နည်းနည်းတော့ ဘဝင်မြင့်မှာ ငါသိပါတယ်။ ငါကလည်း ငါလိုချင်တာကို မရရအောင် ယူမဲ့သူဆိုတာ နင်သိထားပါ။ ငါလာပြီ မိနှောင်းရေ။
images (6).png
photos from Google

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69747.29
ETH 3747.51
USDT 1.00
SBD 3.78