ကဗ်ာတစ္ပုဒ္

in #busy6 years ago

အချိန်​တိုင်​း ​သေဆုံး​နေပြီး
အချိန်​တိုင်​း ရှင်​သန်​​နေတဲ့
ကိုယ်​့ကိုယ်​ကို
​မေ့သွားခဲ့တယ်​...

အစားထိုးကုထုံး​တွေထဲ
မပါနိုင်​တဲ့ အချိန်​​တွေထဲ
တိုးဝင်​​နေရခြင်​းကို
ရုန်​းကန်​မှုလို့ မထင်​မိခဲ့တဲ့
ကျွန်​မကိုယ်​တိုင်​..သိပ်​ကို မိုက်​မဲလွန်​းခဲ့တယ်​

သတိရှိဖို့ သတိထားဖို့ထက်​
သတိလက်​လွှတ်​ ရယ်​​မော​နေရတာကို
မမီမကမ်​း ဖမ်​းဆုပ်​ရင်​း
ကိုယ်​့သာယာမှုနဲ့ ကိုယ်​..
ကိုယ်​လိုရာအရပ်​ဟာ
တဖြည်​းဖြည်​း​ဝေးလာတယ်​

မခက်​ခဲ​ပေမဲ့ နက်​နဲလွန်​းတဲ့ပုစၦာ​တွေဆီမှာ
အ​ဖြေရှာနည်​း​တွေရှိပြီးသားတဲ့
ကျွန်​မက​တော့ မကြည်​့ခဲ့မိဘူး
(ပျင်​းလို့)

ကျွန်​မ ​​ဘုရင်​့​နောင်​လို
ဖောင်​ဖျက်​ပစ်​လိုက်​ဖို့ စိတ်​ကူးရှိတယ်​
ဒါ​ပေမဲ့
​​ဖောင်​နဲ့ ​မျှော​နေရခြင်​းထဲက
ပတ်​ဝန်​းကျင်​​လေးကပဲ
ဆွဲ​ဆောင်​ထားခဲ့ပြန်​​ရော...

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 62414.94
ETH 3019.57
USDT 1.00
SBD 3.58