Attractive

in #busy6 years ago

လူအများကြားမှာ ကိုယ့်ကိုယ်ကို ယံုကြည်မှုရှိရှိနဲ့ ထင်ပေါ်စေဖို့အတွက် ဒီနည်းလမ်းကောင်းလေးတွေ လုပ်ဆောင်ကြည့်သင့်ပါတယ်။

** တစ်ကိုယ်ရည်သန့်ရှင်းရေးကို သေချာအချိန်ပေးလုပ်ဆောင်ပါ။ သွားတွေ ဖြူဖွေးသန့်စင်နေအောင်၊ ဆံပင်တွေသန့်ရှင်းအောင်၊ ခြေသည်းလက်သည်းတွေ လှပပြီးအညစ်အကြေးကင်းစင်နေအောင် လုပ်ဆောင်ပါ။

** ကျန်းမာရေးနဲ့ ကိုက်ညီတဲ့အစားအစာတွေကို ရွေးချယ်စားသံုးပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစား အစာတွေက ကိုယ်ခန္ဓာကိုယ်အာဟာရရှိရှိနဲ့ သွယ်လျစေနိုင်ပါတယ်။

** သူများတွေအမြင်မှာ ဆန်းသွားစေဖို့ ဆံပင်စတိုင်လ်ကို ပြောင်းလဲလိုက်ပါ။ အမြဲထားနေကြဆံပင်ပံုစံထက် အခြားပံုစံတစ်မျိုးကိုပြောင်းလဲလိုက်ပါ။

** မျက်နှာကိုဘာမှမလိမ်းဘဲမနေပါနဲ့။ ကို်ယ့်အသားအရေနဲ့အဆင်ပြေနိုင်တဲ့ အလှပြင်ပစ္စည်းအမျိုး အစားတွေကို ရွေးချယ်သံုးစွဲပါ။ လူအများကြားမှာထင်ပေါ်နေဖို့ မိတ်ကပ်ပြင်ကိုထင်းထင်းလေးပြင်ပါ။

** ဆွဲဆောင်မှုရှိတဲနှုတ်ခမ်းသားလေးဖြစ်စေဖို့ တောက်ပစေဖို့အရောင်ရင့်ရင့် ရှိတဲ့နှုတ်ခမ်းနီကိုဆိုးပေးပါ။

** အဝတ်အစားရွေးချယ်တဲ့အခါမှာလည်း ကိုယ့်ရဲ့ကို်ယ်ခန္ဓာအချိုးအစားနဲ့ကွက်တိတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်ပေးပါ။

(၇) အဝတ်အစားနဲ့ လိုက်ဖက်တဲ့ Accessory တွေကိုတွဲဖက်ဝတ်ဆင်ပေးပါ။

ဒီအချက်လေးတွေအတိုင်းလုပ်မယ်ဆိုရင် ပါတီမှာ ကိုယ်ကဆွဲဆောင်မှုရှိရှိနဲ့လှပစေမှာပါ။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60918.56
ETH 2919.11
USDT 1.00
SBD 3.56