ဘာတွေ ဆက်လုပ်ရမလဲ

in #community5 years ago (edited)

Steemit မှာက အပြောင်းအလဲ တွေက နေ့တိုင်းလိုလို မဟုတ်ရင်တောင် တစ်ပတ်တစ်ခါလောက်တွေ့နေရပါတယ်။ သိပ်မကြာခင်ကာလာမှာ ဂိမ်းအကြီးကြီး တစ်ခု ထွက်လာပါလိမ့်မယ်။ ဒီဂိမ်းကတော့ အတော်လေး ရင်းရမယ့်ပုံပေါ်တယ်။ ကျွန်တော်လဲ ရင်းနိုင်လောက်မယ့်ပမာဏ မရှိသေးဘူး။ သူများတွေဆီက တစ်ဆင့်ဝယ်ရမယ်နဲ့တူတယ်။ Steemit မှာ လှုပ်ရှားမှုတွေ အတော်နည်းလာတာတွေ့ရပါတယ်။ ပုံမှန်ရေးနေတဲ့သူတွေ ကတော့ ရှိနေတုန်းပါပဲ။ လူဟောင်းတွေ ပြန်ဝင်လာတာလဲ တွေ့နေရပါတယ်။ ပုံမှန်ရေးနေတဲ့ သူအခိျု့ရေးတာလျော့သွားပါတယ်။


Image Source

Durgwars ကလဲ ပေးတာနည်းသွားပါတယ်။ ဒါပေမဲ့ ပုံမှန် အပ်ဗုတ်ကတော့ ရနေတုန်းပါပဲ။ တစ်နေ့ကို 0.4 SBD ဝန်းကျင်လောက် ရတယ် ဆိုတော့ မဆိုးလှဘူးပဲ ပြောရမှာပါ။ မနေ့ကတော့ @ngc ဆီကနေ အပ်ဗုတ်တစ်ခုရလိုက်ပါတယ်။ Thanks you @ngc for your support. ဒီအချက်ကတော့ ကျွန်တော့်ကို အားအင်ဖြစ်စေပါတယ်။ DW လမ်းကြောင်းပေါ်မှာပဲ ဆက်ရှိနေစေပါတယ်။ သူ့အပ်ဗုတ်က trail အပ်ဗုတ်ဖြစ်တဲ့အတွက် လူအတော်များများကပါ အပ်ဗုတ်လိုက်ပေးပါတယ်။ ဒီအချက်ကအတော်ကို ကောင်းမွန်ပါတယ်။

Image by enriquelopezgarre from Pixabay

C2 မှာ အချိန်သိပ်မပေးနိုင်တော့တဲ့အတွက် C3 အတွက်ပိုစ့်တောင် မရေးဖြစ်သေးဘူး။ အကြွေးကျန်နေပါသေးတယ်။ မြန်မာအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားပေမဲ့ မဖြစ်နိုင်တော့ပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ရှေ့ဆက်ရတော့မှာပါ။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုမျိုးကြိုးစားပေးခဲ့တဲ့ ကို @minsoenaing ကိုလဲ ကျေးဇူးတင်ပါတယ်။ ကြားခဲ့ဆောင်ရွက်ပေးခဲ့တဲ့ @kyi ကိုလဲ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင် စကားပြောတာနောက်ကျခဲ့တဲ့အတွက် ဝမ်းနည်းကြောင်းပြောလိုပါတယ်။ တစ်ကယ်လို့များ တစ်ချိန်ချိန်မှာ ပူးပေါင်းဆောင်ရွက်ချင်ခဲ့ရင်တော့ အမြဲတမ်း လက်ကမ်းကြိုနေမှာ ဖြစ်ပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=159
Sort:  

ဂိမ်းထပ် ထွက်လာရင်တော့ steemit က ပွဲဆူ လောက်ပြီ ထင်တယ်ဗျ။ အင်း ဂိမ်းရင်းရပါမယ်ဆိုမှ power up လိုက်မိပြီ။

Posted using Partiko Android

ပူးပေါင်းဖို့ရာ ပူပေါင်းလို ပေါက်မထွက်ဖို့လည်း လိုသဗျာ...
အခြေအနေအရ မီးစင်ကြည့်ပြီး ဆက်ကကြတာပေါ့ဗျာ😁

Posted using Partiko Android

ဟဟ လည်တော့ လည်နေတာပဲဗျ။ ဘယ်တော့များမှ အဆင်ပြေပါ့မလဲ မသိဘူး။


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63799.64
ETH 3130.40
USDT 1.00
SBD 3.97