The Lodgers(2017) movie review in myanmar language

in #community5 years ago

 

ဒီတစ်ခါ ဇတ်လမ်းကလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီတစ်ခါလဲ incest နဲ့ပတ်သက်တဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ သရဲ ကား ဆန်ဆန်ပါပဲ။ ဒါပေမဲ့ ကြောက်စရာတော့ မကောင်းပါဘူး။

 

၁၉၂၀ ခုနှစ် အိုင်ယာလန် နိုင်ငံ ဆင်ခြေဖုံး ဒေသမှာ ဇာတ်လမ်းကို စတင်ထား ပါတယ်။ Rachel နဲ့ Edward ဆိုတဲ့ အမွာမောင် နှမ နှစ်ယောက်က အိမ်ကြီး တစ်လုံးရယ် ခြံကြီး တစ်ခြံရယ်ကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒိအိမ်နဲ့ ခြံက ညဘက်ဆိုရင် ခြောက်ခြားစရာ အဖြစ်ကို ပြောင်းလဲသွားပါတယ်။ သူတို့ကို စည်မျည်းသုံးခုကို လိုက်နာခိုင်း ပါတယ်။

  1. ညသန်းခေါင်မတိုင်ခင် အိပ်ရာထဲမှာ ရှိရမယ်။
  2. ဒီခြံကြီးထဲကို ဘယ်သူ့ကိုမှ ပေးမဝင်ရဘူး။
  3. တစ်ယောက်က ကျန်တဲ့ တစ်ယောက်ကို ထားခဲ့ပြီး အဝေးကို ထွက်သွားရင် ချန်ထားခံရတဲ့ သူမှာ ဘေးတွေ့လိမ့်မယ်။
သူတို့လိုက်နာရမည့် စည်းကမ်းတွေကို အင်္ဂလိပ် လို ကဗျာ လို လုပ်ထားပါတယ်။

"Girl child, boy child, listen well. Be in bed by midnight's bell. Never let a stranger through your door. Never leave each other all alone. Good sister, good brother be, follow well these cautions three. Long as your blood be ours alone, we'll see you ever from below."

Disclaimer: The above sentences are from wikipeida about "The Lodgers(2017)".

ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ ဆိုတော့ သူတို့မိသားစုအပေါ်ကို ကျိန်စာ တစ်ခု သက်ရောက်နေပါတယ်။ ကျိန်စာအတိုက် ခံထားရတယ်ပေါ့။ ဘယ်လိုကျိန်စာမျိုးလဲ။ သူတို့ကိုယ်တိုင်က အမွာဖြစ်သလို (ယောင်္ကျားနဲ့ မိန်းမ) မွေးလာတဲ့ ကလေးတွေကလဲ အမွာပဲဖြစ်တယ်။ အဲ့ဒိ အမွာမောင်နှမက ပြန်လက်ထပ်ပြီး နောက်ထပ် အမွာ မောင်နှမ နှစ်ယောက်ကို ထပ်မွေးပါတယ်။ မွေးလာတဲ့ ကလေးတွေ အရွယ်ရောက်ပြီဆိုတာနဲ့ မိဘ နှစ်ပါးစလုံးက ရေထဲမှာ ဆင်းပြီး ကိုယ့်ဘာသာကိုယ် သတ်သေကြပါတယ်။ အဲ့ဒိဝိညာဉ်တွေ အကုန်လုံးက ရေထဲမှာ ရှိနေပြီး ညကျရင် အပေါ်ကို တက်လာပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ စာသားတွေကို ရေရွတ်ပြီးတော့ သန်းခေါင်မတိုင်ခင် အိပ်ရာထဲမှာ ရောက်နေဖို့ ဖိအားပေးပါတယ်။

နှမ ဖြစ်တဲ့ Rachel ကတော့ ဒီဖြစ်စဉ်ကြီးကို အဆုံးသတ် ချင်ပါတယ်။ မောင်ဖြစ်သူကို ခေါ်ပြီး ထွက်ပြေးဖို့စဉ်းစားထားပါတယ်။ သူ့မောင်ကတော့ သဘောမတူပါဘူး။ ဒီကျိန်စာကို Rachel အနေနဲ့ အဆုံးသတ်နိုင်မလား ဆိုတာ ငွေရောင် ပိတ်ကားပေါ်မှာ ကြည့်ကြရအောင်လားဗျာ။ စိတ်ဝင်စားစရာ ကောင်းတဲ့ မြင်ကွင်းတစ်ခုကတော့ ဝိညာဉ်တွေ ထွက်လာတဲ့ အချိန်မှာ ရေတွေက မြေကြီးပေါ်ကနေ မျက်နှာကြက်ပေါ်ကို လွင့်ပျံတက် သွားတာပါပဲ။

Universal Basic Income

This is for very basic income. Use the following link to register in mannabase.com.

Promoting Service

I am also a whitelisted user of minnowbooster. If someone want to get whitelisted from minnowbooster. I can check your blog and send an invitation. Use the following link to log into minnowbooster.com.

Building Network


Join Discord: https://discord.gg/RSrv669 @mmunited

Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=578


Sort:  

ကျိန်စာသင့် လေသောဇာတ်ကား ကောင်းမယ့်ပုံဘဲ

ကိုရိးယား ဒရမ်မာကနေလိုင်းပြောင်းအုံးမှဘဲ

Hi, @mmunited!

You just got a 9.69% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64341.19
ETH 3145.13
USDT 1.00
SBD 4.00