Mine

in #credit9 years ago

စိတ်

ကိုယ်က သူ့ ကိုချစ်နေခင်နေတော့ သူနဲ့ချစ်ခွင့်ခင်ခွင့်ရတာကို ၀မ်းမြောက်ပျော်ရွှင်တယ်။သူ့ ကြောင့် စိတ်ကျေနပ်တယ်လို့ ယူဆတယ်။

သူနဲ့ အဆင်မပြေလမ်းခွဲလို့ နာကျင်ခံစားရတော့ သူ့ ကြောင့် နာကျင်ရတယ် ခံစားရတယ်လို့ ထင်ပြန်တယ်။
တကယ်တော့ ကိုယ့်စိတ်က ဖြစ်တာပါ။သူဆိုတာ ကိုယ်မဟုတ်သလိုကိုယ့်စိတ်တိုင်းကျအမြဲတမ်းရှိမယ်လို့ 
ယူဆခဲ့မိလို့  မမြဲတာကိုမြဲတယ်လို့ ထင်မိလို့ ။ ဒီလို ထင်တာက အ၀ိဇ္ဇာဖုံးလွှမ်းလို့ ထင်မြင်ယူဆပြီး
သူ့ ကြောင့်လို့ မှတ်ယူနေတာ။ကိုယ့်စိတ်ကြောင့် ဒီလို ၀မ်းသာလိုက် ၀မ်းနည်းလိုက်ဖြစ်နေတာပါလားလို့ 
မသိတာက တဏှာက လှည့်စားနေတာ ကိုယ့်တဏှာကကိုယ်လိုချင်ရချင်တာ ရရင်တမျိုး မရရင်
တမျိုးဖြစ်နေတာပါ။ကိုယ့်စိတ်က ဖြစ်နေတာပါ။အ၀ိဇ္ဇာနဲ့ တဏှာ ဆိုတာကို မသိတော့ သူ့ ကြောင့်လို့ ပဲထင်မြင်ယူဆနေတာပေါ့။

အကယ်၍များ ကိလေသာ ပယ်သတ်ထားတဲ့သူဆိုရင် ဘယ်သူကလုပ်လို့ ဒီလိုဖြစ်တယ်လို့မပြောတော့ဘူး။
မြတ်စွာဘုရားဆိုရင် ကြည့် ဒေ၀ဒတ်က ကျောင်မောင်းဆင်ပြီး သတ်ဖို့ ကြံစည်တော့ ခြေမ မှာဒဏ်ရာရ
သွေးစိမ်းတည်ခဲ့တယ်။ဒါဟာ ဒေ၀ဒတ် ကြောင့်ပါလို့  တစ်ခွန်းမပြောဘူး။အတိတ်ဘ၀ က ပစ္စေက ဗုဒ္ဓါ ကို
ကျောက်ခဲ နဲ့ ပစ်ခဲ့မိတဲ့ အကုသိုလ်ကြောင့်ဖြစ်တာလို့ ပဲ ပြောတယ်။အကြောင်းကြောင့် အကျိုးဖြစ်တာ။
မသိတဲ့အချိန်က မှားခဲ့တဲ့အမှားတွေကြောင့် လက်ရှိဘ၀ မှာ အကျိုးပေးတာ။ကိုယ်မမြင်မတွေ့ ရတဲ့
ဘ၀တွေတုန်းက သူများကိုနာကျင်အောင်လုပ်ခဲ့လို့ ခုဘ၀ ပြန်ပြီးနာကျင်ရတယ်ဆိုတာဆင်ခြင်မိရင်
ဘယ်သူ့ ကိုမှ အပြစ်တင်စရာမရှိတော့ပါဘူး။အဲ့လိုဆင်ခြင်မိရင် စိတ်လည်းချမ်းသာသွားမယ်။
နာတာကျင်တာကိုလည်း သည်းခံနိုင်လာတယ်။

အကြောင်းကြောင့် အကျိုးဖြစ်ပါလားဆိုတဲ့အသိကလေးတစ်ခုက ၀ိပဿနာ ဥာဏ်ဖြစ်ပြီး လောကုတ္တရာ
မဂ်ဥာဏ်ကို ကျေးဇူး ပြုပါတယ်။

အရာအားလုံးဟာ စိတ်မှာ တည်မှီနေပါတယ်။ ဆင်ခြင်တတ်တာလည်းဒီစိတ်ပါပဲ။မဆင်မခြင်လုပ်မိသွားတာ
လည်း ဒီစိတ်ကြောင့် ပါပဲ။

စိတ္တေန နိယျတိ လောကော=စိတ်သည် လောက ကိုဆောင်အပ်၏။ တဲ့
ဒီစိတ်က ဆောင်ရွက်သမျှ ခန္ဓာက လုပ်မိတယ်ပြုမိတယ်။ စိတ်တလုံးကို နိုင်ရင်
အရာရာကိုတောင်ဖန်ဆင်းနိုင်တယ်တဲ့။

စိတ်ကိုနိုင်အောင်ထိန်းပြီး အရာရာကိုဖန်ဆင်းချင်တဲ့ လောဘတွေတော့ မဖြစ်မိစေနဲ့ပေါ့။

ခန္ဓာ့ ဝဋ်က လွတ်အောင်ကြံဆောင်ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါစေ။

*****တတိယမြောက်သမီးတော်*****

Sort:  

help to help,vote to vote,earn to earn= Rich Together fighting all friends

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.080
BTC 62335.97
ETH 1684.26
USDT 1.00
SBD 0.47