ပေါ့လျော့မှု အကျိုးဆက် (@aggamun)

in #drugwars5 years ago

သတိဆိုတာ ပိုတယ် မရှိပါဘူး ဆိုတာ တကယ်မှန်ပါတယ်ဗျ။ သတိတစ်ချက် လွတ်သွားတာနဲ့ ခံရဖို့သာ ရှိပါတယ်။ သတိလွတ်သွားလို့ ကောင်းလာတာကတော့ ဘာမှ မရှိလောက်ပါဘူးဗျာ။ ပိုဆိုးသွားဖို့ ပိုမို အခက်တွေ့ ဖို့သာ ပြင်ဆင် ထားကြရပေမည်။ သတိမလွတ်အောင်သာ သတိ ထားကြပါ။

သတိထားရတဲ့ အလုပ်ကလည်း လွယ်မယောင်နဲ့ ခက် တိမ်မယောင်နဲ့ နက် ဆိုသလို အလွန် လက်ဝင်တဲ့ အလုပ်တစ်ခုပါ။ စိတ် ဆိုသည့်အရာကလည်း မျောက်တစ်ကောင် အငြိမ်မနေတတ်ဘူးလေ။ တစ်ခု ပြီး တစ်ခု စိတ်ကရောက်နေတတ် တာကလား။ မျောက်များလို ဟိုသစ်ကိုင်းကူး ဒီသစ်ကိုင်းကူး ပေါ့။ ဒါကြောင့် အတော် ထိန်းရ သိမ်းရ ခက်သားလား။ ဒါပေမဲ့ မရ ရအောင်တော့ ကြိုးစား ထိန်းကြရမည်လေ။

ခုလည်း ကြည့် ဒီလောက် သတိထား လုပ်နေသည့်ကြားက ခံလိုက်ရသည်။ အိပ်ခါနီးအထိ ထုတ်လုပ်ထားသမျှ တွေ အကုန် စစ်သားထုတ် ဘဏ်ထဲထည့် လုပ်ပြီး အိပ်လိုက်တာတောင် ထုတ်လုပ်မှုက အနည်းငယ် မြန်နေတော့ မနက်ရောက်တာနဲ့ ကြည့်လိုက်တာ အတိုက်ခံလိုက်ရတော့တယ်။ အတော်ကို ပါသွားတယ် ပြောရမယ် ခင်ဗျ။ ခု တစ်လော စစ်သားတွေ ထုတ်ထားလို့ တော်ရုံ လာမတိုက်တော့ဘူး ထင်နေတာ။ ဘယ်အချိန် ကတည်းက ချောင်း နေလည်း မသိပါဘူး။ သကောင့်သားက။

ကျန်တာက နှမြောစရာ မရှိပေမယ့် စစ်သားတွေ ထုတ်ထားတာ ပါသွားတာကတော့ နှမြောတယ်ဗျ။ စစ်သား ထုတ်ထားတဲ့ resource ပါ တွက်လိုက်ရင် ဂစ် ဂစ် ပါ တက်ချင်ချင် ဖြစ်လာတယ်။ မတတ်နိုင်ပါဘူးလေ ဒုက္ခတော့ မရောက်ပေမဲ့ သုက္ခ ကတော့ ရင်ဆိုင်ရဦးမပေါ့။ STEEM တွေ ရဖို့ရာကလည်း ရှိသေးတော့ ဒီသုက္ခ ကိုပဲ ရင်ဆိုင်နိုင်အောင် အားမွေးပြီး STEEM တွေ စုရချည်သေးရဲ့ ……


So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play drugwars : https://staging.drugwars.io/#!/ref/@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun

To play Magicdice : https://magic-dice.com/?ref=aggamun

To play moonSTEEM : https://www.moonsteem.com/?ref=aggamun

My bounty post for this week : https://steemit.com/msu/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-13-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=32
Sort:  

ကိုယ်တွေက စိတ်ကြီးတယ် အဲဒီလို အလုပ်ခံရတာနဲ့  တစ်ပတ်လောက် လိုက်ဖြုတ်ပြီပဲ နောက်ဆုံး သူ့ စစ်တပ် လုံးဝ မကျန်တဲ့ အထိကို ချတာ နောက်တစ်ခါ လာမထိရဲ အောင်

yeah! right bro. ကျနော်လည်း ဒီကောင်ကို လူစုပြီး ပြန် ဆော်မယ်

Posted using Partiko Android

သတိထား ဘရိုရေ။ ကိုယ်ပါသွားရင် နည်းတာ မဟုတ်ဖူး

ဟုတ်ကဲ့ ဘဒို

Posted using Partiko Android

စိတ်တောင်မကောင်းဘူး);

Posted using Partiko Android

အေးဆေး ပါ

Posted using Partiko Android

အေးဆေးဆို အဟင်းဟင်း အဟဲဟဲ

Posted using Partiko Android

များတယ်နော် သတိလေးထားပေါ့အစ်ကို။

Posted using Partiko Android

ဟုတ်ကဲ့ ခင်ဗျ။ ကျေးဇူးပါနော် :)

Congratulations @aggamun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

You can upvote this notification to help all Steem users. Learn how here!

C2 curation team ကနေ ဘရို့ရဲ့ ပိုစ့်ကို ရွေးချယ်လိုက်ပါတယ်။

nice! thz u


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64203.15
ETH 3065.06
USDT 1.00
SBD 3.93