လွင့်

in #estee7 years ago

ကျွန်တော်ကတော့ သူမရဲ့
သွေးအေးသွားတဲ့အငွေ့သက်လေးပါ
သူမကတော့ ကျွန်တော့်ရဲ့ထာဝရကဗျာပေါ့
ဘယ်တော့မှမနိုးထချင်တဲ့အိမ်မက်တွေအကြောင်းကို
ကျွန်တော်ကောင်းကောင်းသိခဲ့တယ်...

အဘယ်အတွက်များရေးစပ်ခဲ့ရတာလဲ
ဒီအသံတွေကြားတော့လွမ်းမောရတယ်
ဝင်လာပါလို့တော့ ခေါ်မထားချင်တော့ဖူး...

ရောင့်ရဲစေဖို့အတွက်
ရောင့်ရဲနိုင်ဖို့အတွက်
ရိုးသားခဲ့ရတဲ့ဆန္ဒတွေကို လွမ်းတယ်

ကျွန်တော်က မနမ်းရက်ခဲ့ပေမဲ့
လှမ်းရက်တဲ့ ခြေလှမ်းတွေကို အံ့သြမိပါရဲ့

ပန်းဖိနပ်မှာ ရင်ဘတ်တန်ဆာဆင်ထားတယ်
လှမ်းထွက်သွားတဲ့အခါ နာကျင်နေမှာစိုးလို့...
လွင့်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 64196.35
ETH 1800.98
USDT 1.00
SBD 0.38