lovely Sister

in #esteem-awesome6 years ago

ညီမ လေး လိမ္မာပါးနပ်ပြီး
အကင်းပါးသူ တစ်ယောက် ဖြစ်ပါစေ. .

ပိုင်ရှင်မရှိ လွတ်လပ်သူ
မိန်းမသား တစ်ယောက်ကို
ယောက်ျားလေးဘက်က
စိတ်ဝင်စားခွင့် ပိုးခွင့် ပန်းခွင့်
ချစ်ခွင့်ပန်ခွင့် ရှိပါတယ် . .

မိန်းမသားတို့ ဖက်ကလည်း
စိတ်ကြိုက် ငြင်းဆိုခွင့် . .
လွတ်လပ်စွာ ရွေးချယ်ခွင့်ရ
နေပါတယ် .

ထိုယောက်ျားက ကိုယ့်ကို
ချစ်နေသူပဲ သူ့အပေါ် စိတ်ဆိုး
စရာ အကြောင်း မရှိသလို . .
အသားလွှတ်ကြီး ဘဝင်ခိုက်စရာ
ကိစ္စလည်း မဟုတ်ပါဘူး . .

ကိုယ်ပြန်လည် မချစ်နိုင်သူမို့
ရန်သူကြီး တစ်ယောက်လိုလည်း
သတ်မှတ် စရာ အကြောင်း
မရှိပါဘူး . .

ဒီလို ကိစ္စတွေဟာ လူငယ် သဘာဝ
ဖြစ်ရိုးဖြစ်စဉ် ကိစ္စလေးတွေပါ . .
အရေးကြီးတာက
မိန်းမသား တို့အနေနဲ့
ကိုယ် ပြန်လည်ပြီး မေတ္တာမျှ
မပေးနိုင်သူ ယောက်ျား
တစ်ယောက်ကို ငြင်းဆိုတဲ့ နေရာမှာ
အလိမ္မာနည်းသုံးပြီး ငြင်းဆိုတတ်ဖို့
အထူး လိုအပ်တယ်လို့ မြင်မိပါတယ် . .

ယောက်ျား တစ်ယောက်ရဲ့
ဂုဏ်သိက္ခာ ယောက်ျားမာန
ထိခိုက်အောင် စော်ကားပြီး
မငြင်းဆို သင့်ပါဘူး .

ကိုယ့်ရဲ့ မဆင်မခြင် ပြုမူ
ပြောဆိုလိုက်တဲ့ စကားတစ်ခွန်း
အပြုအမူလေး တစ်ခုကြောင့်
ကိုယ်ဟာ ဒုက္ခလှလှကြီး
တွေ့သွားနိုင် သလို . .
အရှက်တကွဲ ကိုယ်ကျိုးနည်းရ
တတ်ပါတယ် . .

မိန်း မတစ်ယောက်ရဲ့
လိုတာထက် ဘဝင်မြင့်မှု
မာန်မာန ခေါင်ခိုက်မှု
ယောက်ျားတွေအပေါ် မတူသလို
မတန်သလို ဆက်ဆံတတ်တဲ့ . .

ဒီအကျင့်တွေကြောင့် ကိုယ်ဟာ
ယောက်ျားတွေရဲ့ အစမ်းသပ်ခံ
သားကောင် ဘဝရောက်ရ
တတ်တယ် ဆိုတာ သိထားဖို့
လိုအပ်ပါတယ် . .

လူ့တို့ ဌာနေ ဆိုတာ
လူတွေ အပေါ် ကိုယ်က
အတတ်နိုင်ဆုံး အကောင်းဆုံး
ဖြစ်အောင် လိုက်လျောပြီး . .

ဆက်ဆံပေး နေရင်တောင်မှ
ကိုယ့် အပေါ် ကျေနပ်နိုင်တဲ့သူ
အမြင် ကြည်ကြည်လင်လင်နဲ့
ကြည့်မြင်ပေးတတ်သူ . .

နားလည်ပေးနိုင်သူ ရှားပါး
တတ်တဲ့ နေရာ တစ်ခုပါ . .
`ရလေ လိုလေ အို တစ္ဆေ´ ဆိုတဲ့
စကားတောင် ရှိသေးတယ်
မဟုတ်ပါလား . .

မိန်းမသား တစ်ယောက် အနေနဲ့
မလိုလားအပ်တဲ့ ပြဿနာတွေ
ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို
လိမ္မာ ပါးနပ်မှုနဲ့ ကြိုတင်
ကာကွယ် ရှောင်ရှားတတ်ပါမှ . .

အန္တရာယ်တွေ ဝိုင်းရံနေတတ်တဲ့
လောက အလယ်မှာ အထိအခိုက်
မရှိ အပြစ် အနာအဆာ ကင်းတဲ့သူ
လှပတင့်တယ်တဲ့
ဘဝပိုင်ရှင် တစ်ယောက် အနေနဲ့
လက်မထောင်ပြီး ရပ်တည်နိုင် မှာပါ . .

မိန်းမသား ဘဝဆိုတာ ရိုးသား
ဖြူစင်ရုံနဲ့ မပြီးသေး ပါဘူး . .
လိမ္မာပါးနပ်ပြီး အကင်းပါးဖို့
လည်း အထူး လိုအပ်လှပါတယ် . .

@ayenanda

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62767.81
ETH 2942.54
USDT 1.00
SBD 3.55