About Car (8)

in #esteem-awesome8 years ago

ကားတစ်စီးရေဆူရခြင်း၏ အကြောင်း(၈)

(၆) Radiator Cap ရေတိုင်ကီအဖုံးမကောင်းခြင်း ရေတိုင်ကီအဖုံးအလည်ရှိ စပရိန်ထိပ်ရှိ ရာဘာဝါရှာလေးနှင့် အဖုံးအတွင်းဘေးပတ်လည်ရှိ ရာဘာဝါရှာလေးများ မကောင်းပါကလည်း ရေဆူတတ်ပါသည်။အဖုံးအလည်စပရိန်ထိပ်ရှိ ရာဘာဝါရှာလေးမှာ အင်ဂျင်နှင့် ရေတိုင်ကီအတွင်းရှိ ရေပူလာချိန်တွင် အင်ဂျင်အတွင်းရှိရေများ ပူ၍ တွန်းကန်အားမများစေရန် ရေပြန်ဗူးအတွင်းသို့ရေကို ပို့ပေးကာ ရေအေးချိန်တွင် ရေပြန်ဗူးထဲသို့ရောက်ရှိသွားသော ရေများကို ရေတိုင်ကီထဲသို့ ပို့ပေးရန် အလုပ်လုပ်ပါသည်။ထိုရော်ဘာဝါရှာလေး မကောင်းပါက အင်ဂျင်နှင့်ရေတိုင်ကီအတွင်းရှိ ရေများသည် မောင်းနှင်နေချိန်တွင် ရေပြန်ဗူးမှ တစ်ဆင့် အပြင်ထွက်ကုန်ကာ ရေဆူ၍ ကားထိုးရပ်တတ်ပါသည်။ ရေတိုင်ကီအဖုံးအတွင်း ဘေးပတ်လည်ရှိ ရော်ဘာဝါရှာမကောင်းပါကလည်း ရေပူချိန်တွင် ရေတိုင်ကီအတွင်းမှ ထွက်လာသောရေများသည် ရေပြန်ဗူးအတွင်းသို့ မရောက်တော့ကာ ရေတိုင်ကီ အဖုံးမှပင် အပြင်သို့ထွက်ကာ ရေခမ်းလာချိန်တွင်ရေဆူတတ်ပါသည်။ ထို့ကြောင့် ရေတိုင်ကီအဖုံးများကို စစ်ဆေးကာ အသစ်လဲလှယ်သင့်ပါသည်။ အင်ဂျင်ပူနေချိန်တွင် ရေတိုင်ကီအဖုံးကို လုံးဝမဖွင့်ရပါ။

@taori

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 64918.30
ETH 1894.27
USDT 1.00
SBD 0.38