ယုံကြည်မှုလား အားပေးစကားလား?

image

အလုပ်တစ်ခုကိုစတင်လုပ်ပြီဆိုရင် ယုံကြည်မှုထားကိုထားရပါမယ်။မိမိကိုယ်ကိုလည်း ယုံကြည်ရမယ်။မိမိနဲ့အတူတကွ ပူးပေါင်းဆောင်ရွက်တဲ့သူတွေအပေါ်လည်း ယုံကြည်ပေးရပါမယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့သူအများစုဟာ အားပေးမှုကိုလိုလားနေတာကိုတွေ့ရပါတယ်။

ကျွန်မတို့ပြီးခဲ့တဲ့၉လပိုင်းက စာမေးပွဲကြီးဖြေရပါတယ်။စာမေးပွဲမှာ ကိုယ်ဖြေနိုင်တယ်မဖြေနိုင်ဘူးဆိုတာ မိမိကိုယ်သာအသိဆုံးပါ။သို့ပေမယ့်လည်း ကျွန်မရဲ့ချစ်လှစွာသော သူငယ်ချင်းတွေက စာမေးပွဲခန်းထဲကအထွက်မှာ ကျွန်မဆီရောက်လာပါတော့တယ်။ကျွန်မကိုတွေ့တွေ့ချင်းမှာပဲ စကားတစ်ခွန်းကို ပြောချလိုက်ပါတယ်။အဲ့ဒါကတော့"ငါ စာမေးပွဲအောင်မှာပါနော်။ငါဒီဘာသာကို သိပ်မဖြေနိုင်ဘူး။အောင်မှာပါနော်"တဲ့။ကျွန်မဘယ်လိုဖြေရမလဲ။သူတို့ဘယ်လိုဖြေခဲ့တယ်ဆိုတာ မမြင်ရတဲ့ကျွန်မ ဘယ်လိုအဖြေမျိုးပေးရမှာလဲ။ဒါပေမယ့် သူငယ်ချင်းစိတ်ချမ်းသာအောင် ပြောရတဲ့စကားကတော့ " နင်အောင်မှာပါ။"ဆိုတဲ့စကားပါ။ထူးဆန်းတာက ကျွန်မဆီက အခုလိုစကားမျိုးကြားရရင် ခုနကညှိုးနေတဲ့မျက်နှာက ချက်ချင်းဝင်းပလာတာပါပဲ။

အခုလိုအချိန်မှာကျွန်မတွေးမိတာက "မိမိကိုယ်ကိုယုံကြည်မှုနဲ့ အားပေးစကားက ဘယ်အရာက ပိုအလေးသာသလဲ"ဆိုတာပါပဲ။ကျွန်မသာဆိုရင်တော့ မိမိကိုယ်ကိုယုံကြည်မှုကို အလေးသာမှာပါ။ယုံကြည်မှုပြင်းထန်ခြင်းက အောင်မြင်မှုရဲ့လမ်းပြတစ်ယောက်လို့ ထင်ပါတယ်။တစ်ခြားသူတစ်ယောက်ရဲ့ အားပေးစကားက ခဏတာစိတ်ကျေနပ်မှုကိုပဲ ရစေမှာပါ။မိမိကိုယ်ကိုယုံကြည်ခြင်းကသာလျှင် အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်မိပါတယ်။

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

Sort:  

thanks for voting

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63701.36
ETH 3076.90
USDT 1.00
SBD 3.81