နှလုံးသွင်း​ကောင်းဖို့ ကြိုးပမ်းစို့ အပိုင်း (၁၅)

in #esteem6 years ago

နှလုံးသွင်း​ကောင်းဖို့ ကြိုးပမ်းစို့ အပိုင်း (၁၅)

ဒီဝတ္ထုတွေကို ထောက်ခြင်းအားဖြင့် သေခါနီးအခါ နှလုံးသွင်း မမှားမိစေရန် အရေးကြီးသလို နေ့ စဉ် နေ့ တိုင်း ကြုံတွေ့  နေကြရသော အပြုအမူ အပြောအဆို တို့  ၌လည်း နှလုံးသွင်း ကောင်းမွန်စွာ ထားရှိရန် လိုအပ်ပါတယ်။

မိလိန္ဒပဥာပါဠိတော်မှာ နှလုံးသွင်းကောင်းခြင်းသည် ကုသိုလ် တရားတို့ ၏ အရင်းမူလ ဖြစ်သည်။
မိုးသည် မြက်သစ်ပင် စသည်ကို စောင့်ရှောက်သကဲ့သို့  နှလုံးသွင်း ကောင်းခြင်းဖြင့် သူတော်ကောင်း တရားကို စောင့်ရှောက်အပ်၏ လို့  မိုးဥပမာပေးပြီး ဟောကြားတော်မူခဲ့တယ် ဟုဆိုကာ နှုတ်ဆက်၍ ထွက်သွားလေသည်။

သူနှင့်လမ်းခွဲ၍ ပြန်လာသော ကျွန်တော်၏ အတွေးက မိမိတွေ့ ကြုံ ရင်ဆိုင် ရဦးမည်ဖြစ်သော လောကဓံ တရားတို့ တွင် မှန်ကန်သော ရှုမြင် သုံးသပ်ချက်ကို ရရှိနိုင်စေရန် မည်သို့  နှလုံးသွင်းရမည်ကို နားလည်သဘော ပေါက်၍ လောကဓံ တရားတို့ တွင် ရင်ဆိုင်နိုင်ဖို့  အင်အားသစ်များ တိုးပွား လာသလို ခံစားမိလေတော့သည်။

အပိုင်း (၁၆) ဆက်​ရန်
မုံရွာ - ဝင်းထိန်​ ​ရေးသားသည်​။

image

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62737.73
ETH 2925.66
USDT 1.00
SBD 3.50