Azithromycin အဇီထရိုမိုင်​စင်

in #esteem6 years ago

image

Photo;Credit

ဆေးအသုံးပြုရန်​​ရောဂါ

အ​ရေပြားပိုးဝင်​ခြင်း အသက်​ရှူလမ်း​ကြောင်းပိုးဝင်​ခြင်း လိင်​အင်္ဂါပိုးဝင်​ခြင်း ဂနိုပိုး​ကြောင့်​မဟုတ်​​သော ဆီးပြွန်​​ရောင်​ခြင်း အ​တော်​အသင့်​ ပြင်းထန်​​သော တိုက်​ဖွိုက်​​ရောဂါအတွက်​ အသုံးပြုသည်​။က​လေးများအတွက်​ နှလုံးအတွင်းအ​မြှေးနှင့်​ နှလုံးအဆို့​ရောင်​ခြင်းကာကွယ်​နိုင်​သည်​။မျက်​ခမ်းစပ်​​ရောဂါအတွက်​လည်း အသုံးပြုနိုင်​သည်​။

ဆေးအသုံးပြုပုံအညွှန်း

စား​ဆေး ၅၀၀ မီလီဂရမ်​ကို တစ်​​နေ့လျှင်​ တစ်​ကြိမ်​ သုံးရက်​​သောက်​ရပါမည်​။ခြောက်​လထက်​​ကျော်​လွန်​​သော က​လေးများကို အသက်​အရွယ်​လိုက်​ ချိန်​မျှ၍ တစ်​​နေ့တစ်​ကြိမ်​ သုံးရက်​ တိုက်​​ကျွေးနိုင်​ပါသည်​။လိင်​အင်္ဂါပိုးဝင်​ခြင်းနှင့်​ ဂနို​ကြောင့်​မဟုတ်​​သော ဆီးပြွန်​​ရောင်​ခြင်းတို့အတွက်​ ၁၀၀၀ မီလီဂရမ်​ တစ်​ကြိမ်​သာ ​သောက်​ရပါမည်​။တိုက်​ဖွိုက်​​ရောဂါအတွက်​ ၅၀၀ မီလီဂရမ်​ တစ်​​နေ့တစ်​ကြိမ်​ (၇) ရက်​ထိ ​သောက်​ရပါမည်​။

ဘေးထွက်​ဆိုကျိုးများ

ပျို့အန်​ခြင်း ဝမ်းဗိုက်​မအီမသာဖြစ်​ခြင်း ဝမ်း​လျှောခြင်း အဖုအပိမ့်​ထွက်​ခြင်းနှင့်​ အခြားဓာတ်​မတည့်​ခြင်းများ ဖြစ်​​ပေါ်နိုင်​ပါသည်​။ဆေးချိန်းများလျှင်​ အာရုံ​ကြော ထိခိုက်​နိုင်​ပါသည်​။အစားအ​သောက်​ပျက်​ခြင်း အစာမ​ကြေခြင်း ဝမ်းချုပ်​ခြင်း ​ခေါင်းမူးခြင်း ​ခေါင်းကိုက်​ခြင်း အိပ်​ငိုက်​ခြင်းတို့ ဖြစ်​တတ်​ပါသည်​။တခါတရံ အသည်း​ရောင်​ခြင်း ​ကျောက်​ကပ်​​ရောင်​ခြင်းနှင့်​ အား​လျော့ခြင်း ထုံကျဉ်​ခြင်း တက်​ခြင်း စသည်​တို့ဖြစ်​နိုင်​ပါသည်​။

သတိပြုရန်​နှင်​ ​ရှောင်​ကျဉ်​ရန်

အသည်းမ​ကောင်းသူ ​ကျောက်​ကပ်​မ​ကောင်းသူ နို့တိုက်​မိခင်​များ နှလုံးခုန်​မမှန်​ခြင်းတို့တွင်​ သတိပြုရပါမည်​။
အသည်း၏လုပ်​​ဆောင်​ချက်​ ပုံမှန်​မဟုတ်​သူများ ​ရှောင်​ကျဉ်​ရပါမည်​။
အားလုံးသိရှိနိုင်​ရန်​ ​ဆေးပညာဗဟုသုတအဖြစ်​ မျှ​ဝေ​ပေးလိုက်​ပါသည်​ခင်​ဗျာ။
ကျန်းမာခြင်းနှင့်​ပြည့်​စုံပြီး ကိုယ်​စိတ်​နှစ်​ဖြာ ရွှင်​နိုင်​ကြပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်​ပါသည်​ခင်​ဗျာ။

မြန်​မာ steemit ချစ်​သူအားလုံးအ​ပေါင်းကို အစဉ်​​လေးစားလျှက်​ပါ။

MSU
NO;017

Sort:  

ဆေးပညာ ဗဟုသုတရပါတယ်​ဗျ

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61451.22
ETH 2929.56
USDT 1.00
SBD 3.65