Cefadroxil (ဆီဖာဒ​ရောက်​ဆီလ်​)

in #esteem6 years ago

image

Photo;Credit

ဆေးအသုံးပြုရန်​​ရောဂါ

ဘက်​တီးရီးယား ပိုအမျိုးမျိုးအတွက်​ အသုံးပြုနိုင်​​သော ​ဆေးဖြစ်​ပါသည်​။ဆီးလမ်း​ကြောင်း​ရောင်​ခြင်း၊အဆုတ်​​ရောင်​ခြင်း၊​လေပြွန်​​ရောင်​ခြင်း၊နှာ​ခေါင်း​သွေးအိတ်​​ရောင်​ခြင်း၊အ​ရေပြားပိုးဝင်​ ကူးစပ်​​ရောဂါတို့တွင်​ ​ဆေးကို အသုံးပြုနိုင်​ပါသည်​။

ဆေးအသုံးပြုရန်​ အညွှန်း

စား​ဆေးအဖြစ်​ထုတ်​လုပ်​ထားပါသည်​။၅၀၀မီလီဂရမ်​မှ ၁၀၀၀မီလီဂရမ်​အထိ တစ်​​နေ့နှစ်​ကြိမ်​ ​သောက်​ရပါမည်​။ အ​ရေပြားပိုးအမျိုးမျိုးနှင့်​ သာမာန်​ဆီးလမ်း​ကြောင်း ပိုးဝင်​ခြင်း​ရောဂါများအတွက်​ ၁၀၀၀မီလီဂရမ်​ ​နေ့စဉ်​​သောက်​ရပါမည်​။က​လေးသူငယ်​များအတွက်​၂၅မီလီဂရမ်​နှုန်းဖြင့်​ အကြိမ်​​ရေခွဲ တိုက်​​ကျွေးရပါမည်​​။

ဘေးထွက်​ဆိုးကျိုးများ

ဝမ်း​လျှောခြင်း ပျို့ခြင်း အန်​ခြင်း ဝမ်းဗိုက်​မအီမသာဖြစ်​ခြင်း အဖုအပိမ့်​ထွက်​ခြင်း ယားယံခြင်း ဖျားခြင်း အဆစ်​နာခြင်း ​သွေးလန့်​ခြင်း ​ဆေးချိန်​များများ​သောက်​ရ​သောလူနာများတွင်​ အူမကြီး​ရောင်​ခြင်း ဖြစ်​နိုင်​ပါသည်​။

သတိပြုရန်

ပယ်​နင်​စလင်​မတည့်​သူများ ​ကျောက်​ကပ်​မ​ကောင်းသူများ နို့တိုက်​က​လေးမိခင်​များ ​သတိပြုရပါမည်​။

အားလုံးသိရှိနိုင်​ရန်​ ​ဆေးပညာဗဟုသုတအဖြစ်​ မျှ​ဝေ​ပေးလိုက်​ပါသည်​ခင်​ဗျာ။
ကျန်းမာခြင်းနှင့်​ပြည့်​စုံပြီး ကိုယ်​စိတ်​နှစ်​ဖြာ ရွှင်​နိုင်​ကြပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်​ပါသည်​ခင်​ဗျာ။

မြန်​မာ steemit ချစ်​သူအားလုံးအ​ပေါင်းကို အစဉ်​​လေးစားလျှက်​ပါ။

MSU
NO;017

Sort:  

ဆေးအမည်​​တွေ သိတာ မိုက်​တယ်

အားပေးနေတယ်ဟေ့

Thanks bro,Nice sharing

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61361.03
ETH 2932.71
USDT 1.00
SBD 3.67