Doxylamine (​ဒေါက်​ဆီလမင်း)

in #esteem6 years ago (edited)

image

Photo;Credit

ဆေးအသုံးပြုရန်​​ရောဂါ

အိပ်​ငိုက်​​စေတတ်​​သည့်​ ​သတ္တိများ​သော ​ဆေးဖြစ်​ပါသည်​။ပိုရီ​ဒေါက်​ဇင်းနှင်​ ​ပေါင်းစပ်​ထုတ်​လုပ်​​လေ့ရှိ​သော ​ဆေးပင်​ဖြစ်​ပါသည်​။
ကိုယ်​ဝန်​ လနုနယ်​စဉ်​ ပြင်​ထန်​စွာ ပျို့အန်​ခြင်းအတွက်​ အသုံးပြု​လေ့ရှိပါသည်​။

ဆေးအညွှန်းနှင့်​ အသုံးပြုပုံ

ဤ​ဆေးတလုံးတွင်​ ​ဒေါက်​ဆီလမင်းနှင့်​ ပိုင်​ရီ​ဒေါက်​ဇင်း ၁၀မီလီဂရမ်​ဆီ ပါဝင်​ပါသည်​။
ညအိပ်​ယာဝင်​ စား​ဆေးနှစ်​လုံး ​သောက်​နိုင်​ပါသည်​။ လိုအပ်​မှုရှိပါက ​နောက်​​နေ့နံက်​တွင်​တစ်​လုံး ​မွန်းလွဲပိုင်းတွင်​ တစ်​လုံး ထပ်​၍ အသုံးပြုနိုင်​ပါသည်​။

ဘေးထွက်​ဆိုးကျိုးများ

ခေါင်းကိုက်​ခြင်း အာ​ခြောက်​ခြင်း ဒယိမ်းဒယိုင်​ဖြစ်​ခြင်း မျက်​စိပြာခြင်း ဆီးမသွားနိုင်​ခြင်း ချွဲသလိပ်​များခြင်း ဝမ်းချုပ်​ခြင်း စားချဉ့်​ပြန်​ခြင်းနှင့်​ ​ဆေးစွဲခြင်းများ ဖြစ်​နိုင်​ပါသည်​။

သတိပြုရန်​နှင့်​ ​ရှောင်​ရန်

အလွန်​အိပ်​ငိုက်​​စေ​သော​ဆေးဖြစ်​သဖြင့်​ အန္တရာယ်​ရှိနိုင်​​သော အလုပ်​များ ဤ​ဆေး​သောက်​ပြီး မလုပ်​သင့်​ပါ။အရက်​ အိပ်​​ဆေး စိတ်​ငြိမ်​​ဆေး စ​သော​ဆေးများနှင့်​ တွဲ၍​မ​သောက်​သုံးသင့်​ပါ။ဆေး၏ အာနိသင်​ ပိုမိုမြင့်​မား​စေ​သော​ကြောင့်​ ဖြစ်​ပါသည်​။
ပန်းနာရင်​ကြပ်​ရှိသူများနှင့်​ ​ရေတိမ်​​ရောဂါရှိသူများ ​ရှောင်​ကျဉ်​ရပါမည်​။

အားလုံးသိရှိနိုင်​ရန်​ ​ဆေးပညာဗဟုသုတအဖြစ်​ မျှ​ဝေ​ပေးလိုက်​ပါသည်​ခင်​ဗျာ။
ကျန်းမာခြင်းနှင့်​ပြည့်​စုံပြီး ကိုယ်​စိတ်​နှစ်​ဖြာ ရွှင်​နိုင်​ကြပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်​ပါသည်​ခင်​ဗျာ။

မြန်​မာ steemit ချစ်​သူအားလုံးအ​ပေါင်းကို အစဉ်​​လေးစားလျှက်​ပါ။

MSU
NO;017

Sort:  

ဒီကောင် နားလည့်လား

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62983.95
ETH 2962.52
USDT 1.00
SBD 3.58