Paracetamol(ပါရာစီတ​မောလ်​)

in #esteem6 years ago (edited)

image

Photo;Credit

အသုံး ပြုရန်​​ရောဂါ

မြန်​မာနိုင်​ငံတွင်​အသုံးအများဆုံး​ဆေးတစ်​မျိုးဖြစ်​သည်​။အက်​စ်​ပရင်​ကဲ့သို့ပင်​အကိုက်​ခဲသက်​သာ​စေပြီးအဖျားကျ​စေ​သောအာနိသင်​ရှိသည်​။အာနိသင်​လည်းထက်​မြက်​သည်​။အ​ရောင်​​လျော့​စေ​သောအာနိသင်​မရှိဟုဆိုသည်​။
ခေါင်းကိုက်​ခြင်း၊ကိုယ်​လက်​ကိုက်​ခဲခြင်း၊အရိုးအဆစ်​နာခြင်း၊မီးယပ်​​ပေါ်စဉ်​ကိုက်​ခဲ့ခြင်းနှင့်​ဖျားနာခြင်းတို့တွင်​အသုံးပြု​လေ့ရှိသည်​။

ဆေးညွှန်းနှင့်​အသုံးပြုပုံ

စား​ဆေး၊စအိုထဲထည့်​​သော​ဆေး​တောင့်​အပြင်​ထိုး​ဆေးလည်းရှိသည်​ဟုဆိုသည်​။စား​ဆေးဝ.၅ဂရမ်​မှ၁ဂရမ်​တစ်​​နေ့​လေးကြိမ်​​သောက်​နိုင်​သည်​။က​လေးများအတွက်​ကိုယ်​အ​လေးချိန်​တစ်​ကီလိုလျှင်​၁၀မီလီဂရမ်​နူန်းတစ်​​နေ့​လေးကြိမ်​​ပေးနိုင်​သည်​။

သတိပြုရန်

အသည်းကိုထိခိုက်​​စေနိုင်​သဖြင့်​အသည်း​ရောဂါများတွင်​​ဆေးချိန်​များများမ​ပေးသင့်​ပါ။အရက်​စွဲ​နေသူများသတိထားသုံးသင့်​ပါသည်​။

ဘေးထွက်​ဆိုးကျိုးများ

ဆေးအပြစ်​​ပြောပ​လောက်​​အောင်​မရှိပါ။အဖုအပိမ့်​ထွက်​ခြင်း​သွေး​ရောဂါဖြစ်​ခြင်းတို့ေ​တွ့ရနိုင်​ပါသည်​။ဆေးလွန်​လျှင်​အသည်းပျက်​စီးနိုင်​ပါသည်​။
ရှောင်​ရန်
အစာလမ်း​ကြောင်းမှ​သွေးယိုထွက်​ခြင်းလတ်​တ​လောဖြစ်​ဖူးသူများ​ရှောင်​သင့်​ပါသည်​။
အားလုံးသိရှိနိုင်​ရန်​ ​ဆေးပညာဗဟုသုတအဖြစ်​ မျှ​ဝေ​ပေးလိုက်​ပါသည်​ခင်​ဗျာ။
ကျန်းမာခြင်းနှင့်​ပြည့်​စုံပြီး ကိုယ်​စိတ်​နှစ်​ဖြာ ရွှင်​နိုင်​ကြပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်​ပါသည်​ခင်​ဗျာ။

မြန်​မာ steemit ချစ်​သူအားလုံးအ​ပေါင်းကို အစဉ်​​လေးစားလျှက်​ပါ။

MSU
NO;017

Sort:  

ဗဟုသုတရစေပါတယ် bro

ဟုတ်

Nice ko aung

thank u For ur Sharing

Nice sharing bro👍

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61383.17
ETH 2915.78
USDT 1.00
SBD 3.61