အတွေး
#ချိုပေါက်ချင်နေတဲ့ အတွေး
ဗိုက်ဆာလွန်းနေတဲ့ ခွေးပိန်တစ်ကောင်ရှိမယ်..
အဆာလွန်နေလို့ တုန်ချိနေတဲ့ လူတစ်ယောက်လည်း ရှိတယ်..
သူတို့အတွက် အစားအသောက်က အသေးအမွှားတစ်ခုထဲနဲ့ မလုံလောက်နိုင်ဘူး..
ဒါပေမယ့် သူတို့ အလယ်မှာ တစ်လုတ်စာလောက်ပဲရှိမယ့် အသားကင်တစ်တုံးလည်း ရှိနေတယ်။
ဘယ်သူ လက်ဦးမယ် ထင်သလဲ?
ခွေးပိန်က ခွေးစိတ်ရှိသူပီပီ ခွေးကျင့်ခွေးကြံနဲ့ လူကို မာန်ဖီကောင်းဖီမယ်..
အသားတုံးကို ဆွဲပြီး ပြေးကောင်းပြေးမယ်..
လူကလည်း လူစိတ်ရှိတဲ့အတိုင်း ပြုမူလိမ့်မယ်..
ခွေးကို မောင်းမယ် ..အားကြီးသူဖက်က အပြုအမူနဲ့ ပြုမူကောင်းပြုမူလိမ့်မယ်..
ခွေးကို ရိုက်ရင်လည်းရိုက်မှာပေါ့..
ခဲနဲ့ထုချင်လည်း ထုမှာပေါ့..
ဒါပေမယ့် လူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်ချင်းစာစိတ်လေးနဲ့ သူစားပါစေလို့လည်း ကျွေးကောင်းကျွေးလိုက်မှာပေါ့..
သို့သော် အဲ့ဒီအချိန်ဟာ
ဆာလောင်မှုဒဏ်ကလည်း သူ့ကို ဖိစီးနေတာဖြစ်တဲ့အတွက် အမှားအမှန် ချင့်ချိန်နိုင်မှုကလည်း အားနည်းနေနိုင်တယ်..
လူသားတစ်ယောက်ရဲ့ အကြင်နာတရားဆိုတဲ့ နှလုံးသားက မျှော်လင့်ချက်တစ်ခုလို ဖြစ်နေရမယ့် အနေအထား..
ဆိုလိုတာက လူသားတစ်ယောက်ရဲ့ အကြင်နာတရား နှလုံးသားဆီက နူးညံ့စိတ်ထား ပြည့်ဝမှုဆိုတာ လူတိုင်းဆီမှာ အချိန်တိုင်း ဖြစ်နေနိုင်တာမျိုး မဟုတ်ဘူး..
အခြေအနေ အချိန်အခါနဲ့ တစ်ခါတရံမှာဆို အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုတာမျိုး..
ကိုယ့်ဖက်က ပြည့်ဝမှ သူတပါးကို ပေးနိုင်မယ့် အနေအထားမျိုးတွေလည်း ရှိနေနိုင်တယ်။
ဒါဟာ လူ့အတ္တလို့လည်း ဆိုနိုင်မှာပေါ့။
လူတစ်ယောက်ရဲ့စိတ်က ပင်ကိုယ်အားဖြင့် နူးညံ့မှုတွေ ကိုယ်ချင်းစာတရားတွေ အကြင်နာတရားတွေနဲ့ ရှိနေပေမယ့် အတော်များများကတော့ လောဘတွေ ဒေါသတွေ မောဟတွေနဲ့ လုံးထွေးနေကြရလေ့ရှိတယ်လေ။
အထူးသဖြင့် ကျွန်မတို့လို လူတွေက ခန္ဓာကိုယ်ရဲ့ လိုအပ်မှုတွေကို အသိတွေ သတိတွေနဲ့ ချုပ်ထိန်းနိုင်မှု အားနည်းလွန်းတယ်..။
မာနတွေ အတ္တတွေ လောဘတွေ ဒေါသတွေကပဲ ဆင်ခြင်တုံတရားတွေကို ဝါးမျိုပစ်တတ်ကြလေ့ရှိတာ...
ပြီးတော့ သက်ရှိသတ္တဝါတွေထဲမှာ နူးညံ့ခြင်းနဲ့ မာကျောခြင်းကို အပြိုင်ဖြစ်ထွန်းတဲ့ သတ္တဝါ၊ အခြားသော သက်ရှိအားလုံးဆီမှာ ရှိတဲ့ စိတ်ခံစားမှု အတော်များများထက်တောင် ပိုသေးတဲ့ တောင့်တမှုတွေနဲ့ စိတ်ခံစားမှုတွေကလည်း လူသားအတော်များများဆီမှာ ဖြစ်တည်နေတန်သေးတာပဲ မဟုတ်လား..။
အချို့သက်ရှိတွေက အသားစားပေမယ့် အသီးအရွက်မစားဘူး။အချို့သက်ရှိတွေက အသီးအရွက်စားပေမယ့် အသားမစားဘူး။ အချို့သက်ရှိတွေက အကုန်စားတယ်.။
ကျွန်မတို့လူသားအတော်များများကတော့ အသားလည်းစားတယ် အသီးအရွက်လည်း စားတယ်.ကုန်းနေသတ္တဝါ ရေနေ သတ္တဝါ ဘာညာ အကုန်စားတယ်။
အခြားသော သတ္တဝါ အတော်များများက ကမ္ဘာမြေပေါ်က ပေးသလောက်နဲ့ အသက်ရှင်ကြတယ်..။
ကျွန်မတို့ လူသားတွေကသာ ကမ္ဘာမြေဆီက ရသလောက်သိမ်းကြုံးယူပြီး အသက်ရှင်ကြတယ်။
ကမ္ဘာမြေရဲ့ အခြားဂြိုဟ်ဆိုတာတွေအထိလည်း ချဲ့ထွင် သွားရောက်ပြီး အသက်ရှင်လိုကြတယ်။
အခြားသော သက်ရှိတွေက ကိုယ့်မျိုးဆက်ဆိုတာတွေအတွက် လောဘအသောမသတ်ရှာဖွေ စုဆောင်းမှု မရှိသလောက်ရှားတယ်။
ကျွန်မတို့ လူသားတွေကတော့ ကိုယ့်ရဲ့ ဒီဘဝရဲ့ သား၊မြေး၊မြစ်၊တီ၊တွတ်၊ကျွတ်၊ဆက် ဆိုတဲ့အောက်မျိုးခုနစ်ဆက်အပြင် နောင်ဘဝဆိုတာအထိပါ စဉ်းစားစုဆောင်းပြီး လောဘတက်ကြတယ်..။
လူသားတစ်ယောက်ဟာ လူသားတစ်ယောက်ရဲ့နှလုံးသားသက်သက်နဲ့ဆို သိပ်ချစ်စရာကောင်းမှာ ဖြစ်ပေမယ့် ဘေးဘန်းဆီက သက်ရောက်မှုတွေကြောင့်ပဲ သက်ဆိုးရှည်တဲ့လူတွေ လူဆိုးတွေ သမိုင်းမည်းလူတွေ ဖြစ်နေရတာ ဖြစ်တယ်။
အချိန်တိုင်း နှလုံးသားလှတဲ့ အကြင်နာတရားပြည့်ဝတဲ့ လူသားတွေချည်းပဲသာ ရှိနေမယ်ဆိုရင် ........
(အတွေးနဲ့တင် ကြည်နူးဖို့ ကောင်းလိုက်တာ )
I'm ATM.
Photo credit.# header ![image](
@ayethatmon, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။
လူသား တွေက လောဘကြီး တတ်တော့ ကိုယ့် တကိုယ်စာ နဲ့တင် ကျေနပ်တင်းတိမ် နိုင်စွမ်း မရှိတတ်ပါဘူး။ ဒီအချက်က တော့ လူသားအတွက် ရှက်ဖို့ကောင်းမယ် ထင်ပါတယ်။
Posted using Partiko Android