Boat

in #esteem5 years ago

*** တက်ကျိုးတဲ့ လှေ ***

လေနှင်ရာ အရပ်မှာ
လွှင့်မျှောလိုပါတယ်
တစ်နေရာရာမှာတော့
ခိုနားစရာရှိမယ် ။

တိမ်လွှာ ထုထည်ကြားက
နေမင်းကြီးက ချောင်းကြည့်တယ်
ငါ့ ချွေးစက်တွေကို
မြေလွှာ ပြင်ပြင်က
တွင်တွင်ကြီး သောက်သုံးပြလိုက်တယ် ။

ရပါတယ်
တန်ရာတန်ကြေးကို
ငါ့ကို ပြန်ပေးပေါ့ ။

ငါ့ကို
မြေပြင်တွေ ပိုင်ဆိုင်ခွင့်မရခင် ခဏမှာ
မျက်ရည်ကျသူတွေကို
မျက်ရည်တို့သုတ်
တေးဆိုပြဖို့ လုပ်အုံးမယ် ။

အစာသွတ်ထားတဲ့ အတ္တတွေကို
ဘေးမှာချပြီး
လှလှပပလေး ပြုံးပြတတ်ချင်တယ် ။

ခပ်မှောင်မှောင်ညတွေကို ဖြတ်မယ့်
အလင်းတပ်ကို ဦးဆောင်ခွင့် ရချင်တယ် ။

ဒါပေမဲ့
ဘဝရယ်
စက္ကန့်သံလေး သတိပေးနေခဲ့ရဲ့နဲ့
လောကရဲ့ကြား
ကူးရင်းခတ်ရင်း လှော်ခတ်ရင်းနဲ့
သာယာနေဆဲ
ပျော်မွေ့ဆဲပေါ့ ။ ။

I'm ATM.
Msu 021. image

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63869.25
ETH 3055.04
USDT 1.00
SBD 3.88