Book review

in #esteem5 years ago

ကိုယ်​အများကြီး မတတ်​နိုင်​​ပေမယ့်​ ကိုယ်​တတ်​နိုင်​တာ​လေးကို​တော့ ​ဝေမျှချင်​မိပါတယ်​...
သိပ်​​ကောင်းတဲ့ အာဟာရကို မ​ကျွေးနိုင်​​ပေမယ့်​ စာအုပ်​​ကောင်း​လေး​တွေကို​တော့ မျှ​ဝေပါရ​စေ...
................

အထက်​တန်းလွှာဆိုတဲ့ ဘဝ​တစ်​ခုက​နေ မ​တောင့်​မတ မ​ကြောင့်​ကြ​နေနိုင်​တဲ့ လူတစ်​​ယောက်​ဟာ အချစ်​တစ်​ခုကို စတင်​​တွေ့ထိခဲ့ခြင်းက​နေ အစပြုလို့ သူ့ဘဝကို သူကိုယ်​တိုင်​ ရှာ​ဖွေခဲ့ပါတယ်​....။

အလုပ်​ ငါးမျိုး​လောက်​ ​ပြောင်းခဲ့တယ်​။ တင့်​သင့်​တဲ့ ဝင်​​ငွေ​တွေနဲ့ ဘဝကို ​အေး​အေးချမ်းချမ်း ဖြတ်​သန်းနိုင်​ဖို့လည်း ​တွေးခဲ့တယ်​။ဒါ​ပေမယ့်​ သူ့အတွက်​ ဘဝရဲ့အဓိပ္ပါယ်​က မပြည့်​စုံခဲ့ဘူး​လေ..။

လူ​တွေ ဘဝ​တွေ စာနာမှု​တွေ နားလည်​မှု​တွေ သူ့အတွက်​ လူသားဆန်​တဲ့ နှလုံးသားက အခြားသူ​တွေနဲ့စာရင်​ နည်းနည်း​တော့ ထူးခြား​နေတယ်​။
နောက်​ဆုံးမှာ သူယုံကြည်​တဲ့ အလုပ်​တစ်​ခုကို သူရှာ​တွေ့ခဲ့တယ်​။

ဘဝမှာ ဘယ်​အတိုင်းအတာထိ ခက်​ခဲဖူးကြသလဲ။ ဘယ်​အ​ခြေအ​နေအထိ ရုန်းကန်​ဖူးကြသလဲ။ ဘယ်​​လောက်​ကြမ်း​တမ်းတဲ့ ​လောကဓံကို ခံစားဖူးကြသလဲ။ ဘယ်​​လောက်​အထီးကျန်​ဖူးကြသလဲ..။
အဲ့ဒီအ​ခြေအ​နေ​တွေအားလုံးရဲ့ အဆိုးဆုံး​နေရာမှာ သူရပ်​​နေခဲ့တယ်​။

ပန်းချီ သို့မဟုတ်​ အ​ရောင်​​တွေနဲ့ စကား​ပြောဖို့ သူ့ကိုယ်​သူ မြှုပ်​နှံလိုက်​တဲ့ ဆယ်​စုနှစ်​တစ်​ခုထဲအတွင်းမှာ ပန်းချီကား​လေး တစ်​ကားသာ ​ရောင်းခဲ့ရသတဲ့။
ဒီဆယ်​စုနှစ်​အတွင်းမှာ သူ့ကိုယ်​ပိုင်​ဝင်​​ငွေ တစ်​ပြားသားမှ မရှိတဲ့ ယုံကြည်​ရာ တစ်​ခုနဲ့ ပန်းချီဆရာ။
ကိုယ်​ဟန်​ပြမယ်​ ငှါးဖို့ ​ငွေမရှိလို့ ကိုယ့်​ပုံကိုယ်​ မှန်​ထဲ ကြည့်​ပြီး ပုံ​တွေ ဆွဲခဲ့တဲ့ ပန်းချီဆရာတစ်​​ယောက်​။ကိုယ့်​နားရွက်​ကိုယ်​ဖြတ်​ပြီး ပြည့်​တန်​ဆာ​မ​လေးကို ​ပေးပစ်​ခဲ့တဲ့ စိတ္တဇ​ဆေးရုံအထိ ခရီး​ရောက်​ခဲ့တဲ့ ​အ​ခြေခံလူတန်းစားဘဝကို ထာဝရအတွက်​ ကင်း​ဗတ်​​ပေါ်တင်​ပစ်​ခဲ့တဲ့ အ​ရောင်​များနဲ့ စကား​ပြောသူ..။

သူ​နေထိုင်​ရာ ပတ်​ဝန်းကျင်​ဆီက အရူးဆိုတဲ့ သမုတ်​သံ​တွေ၊ သူ့က​ပေးနိုင်​တဲ့ ချစ်​ခြင်းတရား​တွေ၊ သူ့အနုပညာမာနနဲ့ အ​ပေါင်းအသင်း​တွေ ​ဆွေမျိုး​တွေရဲ့ ပစ်​ပယ်​ခံရမှု​တွေနဲ့ သူ့ဘဝတစ်​ခုလုံးကို ပန်းချီ​တွေထဲ စိုက်​ပျိုးပစ်​ခဲ့တဲ့ ဒက်​ခ်ျ​လူမျိုး ပန်းချီဆရာ ဗင်းဆင့်​​ဗင်​ဂိုးရဲ့ အမြဲတ​စေ ဆာ​လောင်​ ​တောက်​​လောင်​​နေတဲ့ ရမ္မက်​မီး..။

ဖြူစင်​တဲ့နားလည်​မှုနဲ့ သိပ်​ကို ရှားပါးတဲ့ ညီအစ်​ကိုနှစ်​ဦးကြား နားလည်​မှုနဲ့ ချစ်​ခြင်းတရား၊ ဘဝမျိုးစုံကြားက ပန်းချီ​လောကထဲ ခုန်​ဝင်​ပစ်​ခဲ့ကြတဲ့ ​ဟေ့ဂ်​မြို့က ပန်းချီ​လောကသားများ၊ ပါရီမြို့ဟာ ဘာ့​ကြောင့်​များ ပန်းချီမြို့​တော်​ ဖြစ်​​နေခဲ့သလဲဆိုတာ ​တွေ့နိုင်​မယ့်​ ရိုးတိုးရိပ်​တိပ်​ ​ဖော်​ပြချက်​အချို့၊
ဒက်​ခ်ျ​လူမျိုး​တွေရဲ့ ရှင်​သန်​​နေထိုင်​မှုအချို့အခင်းအကျင်းနဲ့ ယုံကြည်​ကိုးကွယ်​မှုများ၊ ပန်းချီ​တွေရဲ့ သ​ဘောတရား​တွေကို ​လေ့လာနိုင်​မယ့်​...
IRVING STONE ရဲ့ LUST FOR LIFE သို့မဟုတ်​ ​မောင်​ထွန်းသူရဲ့ ရမ္မက်​မီး...

ဘဝတစ်​ခုက ဝတ္ထုတစ်​ပုဒ်​လို ခင်းကျင်းပြသဖို့ လုံ​လောက်​ချင်​မှ လုံ​လောက်​ပါလိမ့်​မယ်​။
ဒါ​ပေမယ့်​ ​ဗင်းဆင့်​​ဗင်​ဂိုးဆိုတဲ့ လူတစ်​​ယောက်​က​တော့ သူ့ဘဝ သူ့အယူအဆ သူ့ခံယူချက်​​တွေနဲ့ သူလုပ်​ချင်​ရာ​တွေ​ကို လုပ်​ပြီး ​လောကကြီးထဲ သူ့ကိုယ်​သူ စိုက်​ပျိုးပစ်​ခဲ့တယ်​သူပါ။
သူ့ရဲ့အသက်​ရှင်​သန်​မှု ၃၇ နှစ်​ဆိုတဲ့ အချိန်​ကာလအ​တောအတွင်းမှာ ပန်းချီကား​ပေါင်း ​မြောက်​များစွာနဲ့ သီးပွင့်​ ​စေခဲ့သူပါ။
သူ့ပန်းချီကား​တွေက သူကိုယ်​တိုင်​မစားသုံးခဲ့တဲ့ သစ်​ပင်​ကြီးလိုမျိုး ထာဝရ သီးပွင့်​နေ​စေမယ့်​ ပန်းချီကားများစွာကို ချန်​ထားရစ်​ခဲ့သူပါ...။
သူက ပန်းချီ​ကား​တွေဆွဲဖို့ထက်​ အ​ရောင်​​တွေထဲမှာ ထာဝရရှင်​သန်​​နေမယ့်​ ပုံရိပ်​​တွေကို ဖမ်းဆုပ်​ထည့်​ထားတတ်​သူ တစ်​ဦးပါ။

ကြွေချိန်​​စောခဲ့​ပေမယ့်​ ​ပေးဆပ်​မှုများခဲ့တဲ့ ပန်းချီဆရာကြီး ​ဗင်းဆင့်​​ဗင်​ဂိုးအ​ကြောင်းက ဖတ်​ဖို့ ထိုက်​တန်​တဲ့ စာအုပ်​တစ်​အုပ်​အဖြစ်​ ​ဝေမျှ​ပေးချင်​မိပါတယ်​...။
မဖတ်​​သေးဘူးဆိုရင်​​ပေါ့။
ဖတ်​ညွှန်း​ရေးဖို့ မလုံ​လောက်​တဲ့အတွက်​ စာအုပ်​ကိုပဲ အချိန်​​ပေးဖတ်​ကြည့်​ဖို့ တိုက်​တွန်းချင်​ပါတယ်​။

၂၀၁၇ ၊ သြဂုတ်​လမှာ စိတ်​ကူးချိုချိုက​နေ တတိယအကြိမ်​ ပြန်​လည်​ပုံနှိပ်​ထားပြီး ​ရောင်း​ဈေးက ၇၀၀၀ ကျပ်​လို့ သတ်​မှတ်​ထားတယ်​လို့ သိရပါတယ်​။
ကျွန်​မက pdfပဲ ဖတ်​ရတာ ဖြစ်​ပါတယ်​..။

(အကယ်​၍ ချွတ်​ယွင်းများပါခဲ့​သော်​ ကျွန်​မ၏ အားနည်း​မှုသာ ဖြစ်​ပါသည်​။)

I'm ATM. image-

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

သင့်​ခ်

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.033
BTC 63900.26
ETH 3063.07
USDT 1.00
SBD 4.21