လေဟာနယ်

in #esteem6 years ago (edited)

" ​လေဟာနယ်​ "

ကိုယ်​တို့
အ​ကြောင့်​မဲ့သက်​သက်
လွတ်​​မြောက်​ပစ်​လိုက်​ကြရ​အောင်
နွေငြိမ်း

လွတ်​လပ်​စွာ ပွင့်​လင်းစွာ
ပြီး​တော့ အချုပ်​အ​နှောင်​မဲ့စွာနဲ့
လေဟုန်​ဆီမှာ
စုံလုံးမှိတ်​ ကန်းပစ်​လိုက်​ကြတဲ့အထိ
မိုက်​ရူးရဲဆန်​ပစ်​လိုက်​ကြစို့ရဲ့...

တွဲလက်​ပြုတ်​သွားခြင်း အမှတ်​တရ အ​ပေါ်မှာ
ကိုယ်​တို့ သီးသန့်​စီ ခုံမင်​ကြမယ်​​လေ...

ဗလာအခင်းအကျင်းနဲ့
စိတ်​ဝပ်​ကျင်း​တွေထဲက
တောင်​ပံဖြန့်​ဖို့ သင့်​ပြီလို့
ကိုယ်​တို့ သ​ဘောတူကြပြီး​နောက်​မှာ....
ဝေးကွာခြင်းလို့ သတ်​မှတ်​လို့မရတဲ့ လွတ်​​မြောက်​ခြင်းနဲ့
ကိုယ်​တို့ အ​ကြောင်းမဲ့သက်​သက်
လွတ်​​မြောက်​ရင်း
ဗလာဆန်​လိုက်​ကြပါစို့...
နွေငြိမ်း​ရေ......။ ။

I'm ATM.
Photo crd
image

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64290.64
ETH 3155.12
USDT 1.00
SBD 3.86