ကိုယ့်​​ခေါင်​မိုး

in #esteem6 years ago

ကိုယ့်​အတွက်​ ကိုယ့်​​ရွေးချယ်​မှုနဲ့ ကိုယ့်​​ခြေ​ထောက်​ဟာ ကိုယ်​ပိုင်​ဆိုင်​တဲ့အရာဆိုတာ ကျွန်​မ သိခဲ့ပြီ အ​မေ...

ကိုယ့်​ဘဝဟာ ဘယ်​သူ့အ​ပေါ်မှာ အားကိုပါးတယ်​လို့ ​ပြောပါ​စေ ဒါဟာ အမှီအခိုသက်​သက်​တစ်​ခုသာပဲ ဆိုတာ ကျွန်​မ နားလည်​ခဲ့ပါပြီ...

ဘယ်​သူက ဘယ်​လိုပဲ ပုံစံချပါ​စေ ဘယ်​လိုပဲ ရည်​ညွှန်းလမ်း​ကြောင်း​တွေ ဆွဲ​နေပါ​စေ..တကယ်​​လျှောက်​ရမယ့်​သူက ကိုယ်​ကိုယ်​တိုင်​ ဖြစ်​​နေသမျှ ကိုယ့်​ဘာသာ အားကိုးခြင်းလို့ပဲ ကျွန်​မ မှတ်​ယူလိုက်​​တော့မယ်​ အ​မေ..

ကိုယ်​ပိုင်​ ဆုံးဖြတ်​ချက်​ကို ကိုယ်​တိုင်​ မချနိုင်ရင်​​တောင်​ ကိုယ်​​လျှောက်​ရမယ့်​ လမ်းက​တော့ ကိုယ်​တိုင်​ ကိုယ်​ကျပဲ ​လျှောက်​ရမယ်​ဆိုတာ ကျွန်​မ နားလည်​ခဲ့ပါပြီ....

ရွေးချယ်​မှု​တွေ သတ်​မှတ်​မှု​တွေ မမှားယွင်း​စေဖို့ ဆုံးဖြတ်​ချက်​​တွေကို ​လောက်​သာ အခြားတစ်​​ယောက်​ကို မှီခိုရတာ ဖြစ်​ပြီး​တော့ ကိုယ်​​လျှောက်​ရမယ့်​ လမ်းက​တော့ ကိုယ်​တိုင်​ပဲ ​ရွေးချယ်​ရတာ​နော်​..အ​မေ..

တစ်​ခုက အိမ်​​ထောင်​ပြုပြီး ကိုယ့်​ဘဝကို အခြားတစ်​​ယောက်​ရဲ့ ဘဝမှာ မှီခိုလိုက်​တယ်​လို့ ဆိုကြတယ်​။ အမှန်​တကယ်​ သူ့ဖက်​က​ရော ကိုယ့်​ကို ပြန်​မှီခိုတာပဲ မဟုတ်​လား...

အကြန်​အလှန်​ အမှီသဟဲပြုမှုနဲ့သာ ဘဝကို ချီတက်​ကြတာ​ပေမယ့်​ အဲ့ဒီအရာနှစ်​ခုကို သီးသန့်​စီ ခွဲခြားလိုက်​တာနဲ့ ကိုယ့်​လမ်းကိုယ်​​လျှောက်​​နေကြတဲ့ အမှီသဟဲကို အားပြုထားပြီး သူ့လမ်း ကိုယ့်​လမ်း သူ့ဘဝ ကိုယ့်​ဘဝ သူ့တာဝန်​ ကိုယ့်​တာဝန်​ကို ​ကျေပွန်​ဖို့ ကြိုးစား​နေကြတဲ့ လူသား​တွေကိုပဲ ကျွန်​မတို့ မြင်​​တွေ့ကြရ​တော့မှာ​လေ...

အပြန်​အလှန်​ ထိန်း​ကျောင်းမှု စနစ်​​အောက်​မှာ​တောင်​ ကျွန်​မတို့ ကိုယ့်​ဘဝကိုယ်​ တည်​​ဆောက်​​နေကြရတုန်းပဲ မဟုတ်​လား အ​မေ...

ကျွန်​မတို့​တွေရဲ့ ကိုယ်​ပိုင်​​ရွေးချယ်​မှု​တွေနဲ့ ကိုယ်​ပိုင်​ဘဝ​တွေ..ပြီး​တော့ ကိုယ်​တိုင်​ ဆုံးဖြတ်​ချက်​​တွေ....ကိုယ်​​ရွေးချယ်​မယ့်​ အမှီသဟဲ​တွေ
အဲ့ဒီအရာ​တွေ အားလုံးဟာ ကိုယ်​ကိုယ်​တိုင်​ရဲ့ လမ်း​ကြောင်း​တွေပဲလို့ ကျွန်​မ​တော့ မြင်​မိတယ်​..အ​မေရယ်​...

ကျွန်​မတို့ ကိုယ့်​ဘဝကိုယ်​ ဖန်​တီးဖို့ ကိုယ့်​အားကိုးမှီခိုမယ့်​ အရာ​တွေအတွက်​ ကိုယ့်​ဆုံးဖြတ်​ချက်​​တွေ သန်​မာတတ်​ဖို့ ကြိုးစားကြရမယ်​ မဟုတ်​လား အ​မေ....

I'm ATM.
MSU 021.
Photo crd.
image

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60870.66
ETH 2917.09
USDT 1.00
SBD 3.62