လမ်းမဲ့ရာသီ

in #esteem5 years ago

*** လမ်းမဲ့ရာသီ ***

စိတ်​ဝပ်​ကျင်း​တွေဆီက လွတ်​​မြောက်​ဖို့ မာယာအခိုးအ​ငွေ့​တွေက ဆူးရဲဆန်​လိုက်​တာ...

အ​ပေါစားဂန္ဓာရီ​တွေ စီးချင်းသီထားကြတဲ့ မြူခိုးညက်​ညက်​​တွေနဲ့ ​ပြောင်းပြန်​ဆန်​ဆန်​ စီးဆင်​ရစ်​ကြစမ်းပါ​စေ...

နေ့သစ်​ရဲ့အညှီ​တွေထဲ လက်​လျှိုလိုက်​မိတဲ့ ကံတစ်​လှပ်​အတွက်​ တစ်​ချက်​ထဲ ​သေဆုံးသွားတဲ့ ပြက္ခဒိန်​ရုပ်​ဆိုးဆိုးထဲ ဆိုးဆိုးဆတ်​ဆတ်​ ထိုးသိပ်​ပစ်​ရတဲ့ ပြဿဒါးဆန်​ဆန်​ ရက်​ရာဇာ​တွေကလည်း ချစ်​မြတ်​နိုးဖွယ်​​တော့မဟုတ်​ဘူး​လေ...

ကံတရားရဲ့အပါးလွှာဆုံးယို​ပေါက်​က​နေ စိမ့်​ထွက်​​နေခဲ့တဲ့ ပျံ့လွင့်​ဖွယ်​​လောကထဲမှာ စိမ်​​ပြေန​ပြေ ပျင်း​ကြောဆန့်​ရင်း...
လမ်း​လျှောက်​ရတာ ပိုပိုပြီး ဝတ္တရားဆန်​လာရဲ့..

I'm ATM.
Msu 021. image

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

သင်​ခ့်

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66785.29
ETH 3229.75
USDT 1.00
SBD 4.30