Pink

in #esteem6 years ago

ငါတို့ဆီမှာလည်း ဒီလိုဇာတ်​ကားမျိုး ရိုက်​နိုင်​ရင်​ ​ကောင်းမယ်​လို့ တမ်းတမိ​စေတဲ့အထိ ထိ​ရောက်​ပီပြင်​လွန်းတဲ့ ဇာတ်​ကားတစ်​ကား...

မိန်းက​လေး​တွေအတွက်​ ဥပ​ဒေဆိုတာ အကာအကွယ်​​ပေးထားပါတယ်​ဆိုတာ​တောင်​ အဲ့ဒီဥပ​ဒေ​တွေဟာ ဂုဏ်​ ပကာသနနဲ့ အသိုင်းအဝိုင်း​တွေ ​လောင်းရိပ်​​တွေထဲမှာ လက်​ကုန်​နှိုက်​ပြီး ဆွဲထုတ်​ရ​လောက်​တဲ့အထိ နစ်​မြှုပ်​​နေကြရတုန်းပဲ....

ကိုယ်​ပိုင်​လွတ်​လပ်​ခွင့်​နဲ့ ကိုယ်​ပိုင်​ဆုံးဖြတ်​ချက်​နဲ့ ကိုယ်​ပိုင်​အလုပ်​ကို လုပ်​​နေပါတယ်​ဆိုတဲ့ မိန်းက​လေး​တွေရဲ့ ကိုယ်​ပိုင်​အချိန်​​တွေထဲကို ပတ်​ဝန်းကျင်​က ​ထောက်​ချင့်​ ​စောင့်​ကြည့်​ခံ​နေကြတယ်​..

မိန်းက​လေး​တစ်​​ယောက်​အတွက်​ ဒါမှ မဟုတ်​ သီးခြားရပ်​လိုတဲ့ မိန်းမသား​တွေအတွက်​ တကယ်​ပြည့်​ဝလုံခြုံတဲ့ ဥပ​ဒေက ကာကွယ်​​ပေး​နေပြီလား....
ဒီဇာတ်​ကားထဲမှာ ​ရှေ့​နေကြီး ဆန်​ဟယ်​​ပြောလိုက်​တဲ့ စကား​တွေ သိပ်​​ကောင်းတယ်​။
မိန်းက​လေးတစ်​​ယောက်​ တီရှပ်​​တွေ ဂျင်း​တွေ စကပ်​​တွေဝတ်​တာ မိန်းက​လေးတစ်​​ယောက်​အတွက်​ လွပ်​လပ်​ခွင့်​....ဒါမှ မဟုတ်​ ဖက်​ရှင်​ ဖြစ်​​ကောင်း ဖြစ်​နိုင်​​ပေမယ့်​ ​ယောက်ျား​လေး တစ်​​ယောက်​အတွက်​​တော့ အန္တရာယ်​ပဲ ။
( စကားလုံးအတိအကျကို ယူထားခြင်း မဟုတ်​ပါ။ ထိုအဓိပ္ပါယ်​ကိုသာ ကိုယ့်​ဘာသာ ပြန်​လည်​​ရေးခြင်းဖြစ်​သည်​။)ဝတ်​စားဆင်​ယင်​မှုအ​ပေါ်မှာ ကိုယ့်​ဖက်​က ကိုယ့်​ကိုယ်​ကိုယ့်​အတွက်​ ကြည့်​တာ သူ့ဖက်​က ဘာဖြစ်​သွားသလဲဆိုတဲ့ သက်​​ရောက်​မှုမျိုး....ဆန့်​ကျင်​ဖက်​လိင်​အ​ပေါ်မှာ ဆွဲ​ဆောင်​မှု ဖြစ်​​စေခြင်းဟာ ကိုယ့်​အတွက်​ပါ အန္တရာယ်​တစ်​ခုဆိုတာ မိန်းက​လေး​တွေ ဆင်​ခြင်​​စေနိုင်​ရမယ့်​ စကားအသုံးအနှုန်းမျိုးပါပဲ။

ငါတို့ ​ယောက်ျား​လေး​တွေကို ကာကွယ်​ ရမယ်​..မိန်းက​လေး​တွေကို မဟုတ်​ဘူး။ ​ဘာ​ကြောင့်​လဲဆို​တော့ ယောက်ျား​လေး​တွေကို ထိန်းသိမ်းနိုင်​​ခြင်းက မိန်းက​လေး​တွေကိုပါ ကာကွယ်နိုင်​လိမ့်​မယ်​....တဲ့
ယောက်ျား​လေးတိုင်းက ကိုယ့်​ကျင့်​သိက္ခာနဲ့ ပြည့်​စုံ​နေသူ​တွေ မဟုတ်​ဘူးလို့ ရည်​ညွှန်းလိုက်​တဲ့ စကားလို့ ထင်​မိတယ်​။
ကိုယ်​က အပြစ်​လုပ်​တာ မဟုတ်​ပဲနဲ့ ပြစ်​မှုဖြစ်​သွား​စေတယ်​ဆိုတဲ့ စကားလုံးမျိုး​တွေကို သိပ်​သ​ဘောကျမိတယ်​။

ယောက်ျား​လေးတစ်​​ယောက်​ အရက်​ကို မူး​နေ​အောင်​​သောက်​တာ သဘာဝလို့ ဆို​ကောင်းဆိုနိုင်​လိမ့်​မယ်​။ မိန်းက​လေးတစ်​​ယောက် အရက်​တစ်​ခွက်​​သောက်​ခြင်းက သူမရဲ့ တစ်​ဘဝစာ ကိုယ်​ကျင့်​တရားကို ယို​ပေါက်​ဖွင့်​​ပေးလိုက်​သလိုပါပဲ...

ခင်​မင်​မှုက​နေ ရင်းနှီးမှု ပြီး​တော့ အရက်​တစ်​ခွက်​က​နေ တစ်​ဖက်​ ​ယောက်ျား​လေးတစ်​​ယောက်​က သတ်​မှတ်​လိုက်​တဲ့ ကိုယ့်​ရဲ့ ကိုယ်​ကျင့်​တရားရဲ့ ယို​ပေါက်​....အဲ့ဒီက​နေ လူငယ်​​တွေရဲ့ လွတ်​လပ်​ခြင်း​တွေက စတဲ့ ပြဿနာ...လက်​ရှိအလုပ်​အကိုင်​အ​ပေါ်မှာ ဂယက်​ရိုက်​သွားတဲ့ လူမှု​ရေးပြဿနာ​တွေ...မိဘသားချင်း​တွေအ​ပေါ် ထိခတ်​သွားတဲ့ သိက္ခာ​တွေ...စိတ်​လိုက်​ရာ မာန်​ပါသွားတတ်​တဲ့ လူငယ်​​တွေရဲ့ စကားလုံး​တွေ​နောက်​က ​ပေးဆပ်​ရခြင်း​တွေ.....
ရှေ့​နေ့တစ်​​ယောက်​ရဲ့ စွမ်းရည်​​တွေ....
ရိုးတယ်​..ရှင်းတယ်​...ရှုပ်​တယ်​....စိတ်​ဝင်​စားဖို့ ​ကောင်းတယ်​....သင်​ခန်းစာယူဖို့​ကောင်းတယ်​....အထူးသဖြင့်​​တော့ သရုပ်​​ဆောင်​ ​ကောင်းလွန်းကြတယ်​.....

မိန်းက​လေး​တွေ အထူးသဖြင့်​ မိဘ​ဆွေမျိုး​တွေနဲ့ ​ဝေးကွာရာအရပ်​မှာ လွပ်​လပ်​​နေတတ်​တဲ့ မိန်းက​လေး​တွေ ကြည့်​တတ်​ရင်​ ယူစရာ သင်​ခန်းစာ​တွေ အများကြီးရ နိုင်​မယ့်​ ဇာတ်​ကား....

အမြတ်​မရ​တောင်​ အရှုံးမရှိနိုင်​တဲ့ ဇာတ်​ကားလို့.....ဆိုချင်​တယ်​.....

P..I..N...K...တဲ့....

I'm ATM.
MSU 021
https://m.facebook.com/story.php?story_fbid=378805562646624&id=100015515507251

Sort:  

ကြည့်စရာ ဇာတ်ကားတော့ရပီ ကျွန်တော်လည်း ဒီတစ်ခေါက် promo မှာ ရုပ်ရှင် အညွှန်းလေး ရေးဖြစ်တယ်ဗျ ဝေဖန်ပေးပါဦး 👍
@aggamun

ကျေးဇူးပါ...ဖတ်​ကြည့်​ပါ့မယ်

👍👍👍

သင့်​ခ်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63898.89
ETH 3129.16
USDT 1.00
SBD 3.90