ရုပ်ရှင် အကြိုခံစားခြင်း - MEMOIR OF A MURDERER

in #esteem6 years ago

ဒီနေ့တော့ ပရိသတ်တွေအကြိုခံ စားဖို့ တောင်ကိုရီးယား သည်း ထိတ်ရင်ဖိုဇာတ်ကားလေးရွေး ထားပါတယ်။

စာရေးဆရာကင် မြောင်ဟာရဲ့ အရောင်းရဆုံးဝတ္ထုစာအုပ်ကိုမှီငြမ်းရိုက်ကူးထားပြီး အယ်လ်ဇိုင်းမားဖြစ်နေတဲ့ လူသတ်သမားက သူ့သမီးကိုကယ်တင်ဖို့ ကြိုးပမ်းတဲ့အကြောင်းလေး ဇာတ် အိမ်တည်ထားတာပါ။

ဗြောင်ဆိုးဟာ တစ်ချိန်တုန်းက လူသတ်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တဲ့ လူသတ်သမားတစ်ဦး ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ အယ်လ် ဇိုင်းမားရောဂါခံစားနေရသူပါ။

ရောဂါသည်ဗြောင်ဆိုးကို သူ့ရဲ့တစ်ဦးတည်းသောသမီး အွန် ဟီးက ပြုစုစောင့်ရှောက်နေဖြစ်ပြီး တကယ်တော့ အွန်ဟီဟာ ဗြောင် ဆိုးရဲ့ သမီးအရင်းမဟုတ်ဘဲ သူ့ လက်ချက်နဲ့သေပွဲဝင်ခဲ့ရသူတစ် ဦးရဲ့သမီးကို မွေးစားထားတာပါ။

တစ်ရက်မှာတော့ အွန်ဟီး ဟာ တေးဂျူဆိုတဲ့သူ့ချစ်သူကို အိမ်ခေါ်လာပြီး သူ့အဖေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီလူငယ် က အွန်ဟီးကို ချဉ်းကပ်ခဲ့ပြီး ချစ်သူဖြစ်အောင်လုပ်ပြီးမှ အပြတ်ရှင်း မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။

တေးဂျူက လူသတ်သမားတစ် ယောက်ဆိုတာသိခဲ့သလို သူ့ရဲ့ အကြံအစည်တွေကို ရိပ်မိခဲ့တဲ့ ဗြောင်ဆိုးဟာ သမီးကို ကာကွယ် ပေးနိုင်ဖို့အတွက် သူ့မှတ်ဉာဏ် တွေမပျောက်ဖို့နဲ့ တေးဂျူကို ရင် ဆိုင်နိုင်ဖို့ အစီအစဉ်တွေ လုပ်ခဲ့ပါတော့တယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ အယ်လ်ဇိုင်းမားရောဂါသည် ဗြောင်ဆိုးအဖို့ မှတ်ဉာဏ်ပိုင်းဆိုင် ရာဟာ သူမျှော်လင့်ထားသလို ဖြစ်မလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သမီးကို တေးဂျူကို ကာကွယ်နိုင်ပါ့မလား၊ ဇာတ် မြုပ်ပြီးနေသလို မှတ်ဉာဏ် လည်း မကောင်းတော့တဲ့ လူသတ်သမားဟောင်းကြီး ဗြောင်ဆိုးတစ် ယောက် လူငယ်လူသတ်သမားနဲ့ လက်ရုံးချင်းဘယ်လိုယှဉ်မှာလဲဆိုတာတော့ ကြည့်လိုက်ဦးနော်။

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ ကင်ဗြောင်ဆိုးအဖြစ်ဆို ဂျောင်းဂူ၊ တေးဂျူအဖြစ် ကင်နမ်ဂျီ၊ ကင်အွန်ဟီးအဖြစ် ကင်ဆို ဟွန်းတို့ဖြစ်ပြီး ဒါရိုက်တာဝန်ရှင် ယွန်းက ပုံဖော်ထားတာဖြစ်ပါ တယ်။

Credit:http://7daydaily.com/story/106929

MSO-31

MEMOIR OF A MURDERER.jpg

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.031
BTC 61918.40
ETH 2900.39
USDT 1.00
SBD 3.64