ရုပ်ရှင် အကြိုခံစားခြင်း - Superbad (2007)

in #esteem6 years ago

Synopsis
ကျွန်တော်တို့ဟာ ဆယ်ကျော်သက်ကျောင်းသားကားတွေ တော်တော်များများကြည့်ဖူးကြပါတယ် 21 and over, american pieတို့လို ဒါပေမဲ့ ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလဲရှိပါတယ် ဒါပေမဲ့ ဒီကားလေးကတော့ အဆန်းဗျ လူကြီးရောလူငယ်ပါ တစ်ဝါးဝါးတစ်ဟားဟားနဲ့ ကြည့်ရမှာဗျာ

Old but goldဆိုသလိုပဲ ဒီကားလေးဟာ 2007တုန်းက ထွက်ခဲ့တဲ့ကားလေးပေါ့ ဒီကားထွက်တုန်းကဆို ရုပ်ရှင်ဝေဖန်ရေးသမားတွေကော ကြည့်ရှုတဲ့ ပရိသတ်တွေပါ အရမ်းအားရခဲ့တယ်

ကျောင်းမှာ အနှိမ်ခံ အနှိပ်စက်ခံ သူငယ်ချင်း၃ယောက်ဟာ ကျောင်းက ဘယ်သူမဆိုလုပ်တဲ့ ပါတီတွေကို အဖိတ်မခံခဲ့ရပါဘူး ဒါပေမဲ့ တစ်နေ့မှာ သူတို့ကြိုက်နေတဲ့ ကောင်မလေးအိမ်မှာ ကျင်းပမဲ့ ပါတီတစ်ခုကို ဖိတ်ခံရပါတယ် ဒါပေမဲ့ အဲ့ကောင်မလေးက ပါတီကိုလာရင် ပါတီပွဲဖို့ သောက်စရာတွေ ဝယ်လာဖို့ ပြောလိုက်ပါတယ် သူတို့နိုင်ငံရဲ့ ဥပဒေအရ အသက်၂၁မပြည့်ရင် ဘယ်သူ့ကိုမှ အရက်ရောင်းချခွင့်မပေးပါဘူး ဒီတော့ သူတို့ဟာ အသက်၁၇ပဲရှိတဲ့အတွက် IDကတ်အတုတွေလုပ်ပြီး အရက်ဝယ်ကြရာမှ မထင်မှတ်ပဲ ဖြစ်လာတယ့် အဖြစ်အပျက်တွေကို ဖြေရှင်းပြီး ပါတီကို နောက်ဆုံး ဘယ်လိုတက်ရောက်ရမလဲဆိုတာ ကြည့်ရမှာပါ

ဒီကားလေးဟာ ကုန်ကျငွေ သန်း၂၀သာ အသုံးပြုထားပေမဲ့ ရုံတင်ဝင်ငွေဟာ သန်း၁၇၀ထိပြန်ဝင်ထားလို့ မကောင်းမှာမစိုးရိမ်ရပါဘူး သရုပ်ဆောင်တွေအနေနဲ့ကလဲ တွဲနေကျ ဟာသသရုပ်ဆောင်တွေ ကိုတွေ့ရမှာ ဖြစ်ပါတယ် Moneyballနဲ့ The wolf of wall streetနဲ့ oscarစာရင်း နှစ်ကြိမ်ဝင်ခဲ့တဲ့ Jonah Hill မသိသူမရှိသလောက်ပါပဲ Junoထဲက Michael Cera ပြီးတော့ Kick-assထဲက Mother fuckerကြီး Christopher Mintz-Plasse ပြီးတော့ Seth Rogenနဲ့ Bill Hader တစ်လောက La La Landနဲ့ Oscarရသွားတဲ့ Emma Stoneတို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်

Credit:http://www.goldchannelmovie.net/movies/superbad-2007/

MSO-31

Superbad.jpg

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65920.41
ETH 3016.79
USDT 1.00
SBD 3.71