အကွက်ရွှေ့နေသောဂိမ်းများ
https://pixabay.com/fr/illustrations/matrice-r%C3%A9seau-%C3%A9change-de-donn%C3%A9es-1027571/
ဒီနေ့မှာတော့ အာကာသ စစ်ပွဲ ဂိမ်းရဲ့ တိုက်ပွဲတွေကို စတင်တာမြင်တွေ့ရပါပြီ လူတိုင်းကတော့ တိုက်ပွဲဆိုတာထက် ဂြိုလ်ရှာဖွေရေးကိုဘဲ ဦးတည် လုပ်ဆောင်နေကြပါတယ် တကယ်လိုအပ်တာကလည်း ဂြိုလ်များများ ရရှိရေးသည် ပထမလို့ မြင်ပါတယ်
ဂြိုလ်ရှာတာက အကန့်အသက်ရှိနေတဲ့အတွက် အခုချိန်က ဂြိုလ်သစ် ရရှိရေးကိုသာ အာရုံစိုက်သင့်ပါတယ် ကိုယ့်လာတိုက်နေရင်တော့ ဘယ်လိုကာကွယ်ရမယ် မသိသေးပါဘူး အခုချိန်ထိတော့ လာရောက် တိုက်ခိုက်သူ လုယက်သူ မရှိသေးပါဘူး
အိမ်နီးနားချင်းတွေကလည်း သူတို့ ဂြိုလ်တိုးပွားရေးအတွက်သာ အားထုတ်နေကြပါတယ် အပေါ်ပိုင်းက ဆရာကြီးတွေကတော့ ဂြိုလ်တွေ များစွာ ရရှိပြီးထားကြပြီဖြစ်လို့ တိုက်ပွဲကို စမ်းသပ် နေကြပါပြီ
အာကာသ စစ်ပွဲက လှုပ်ရှားမှု တစ်ခု အစပြုလိုက်တယ် ဆိုရင်ဘဲ ချက်ချင်းလက်ငင်း နေ့မကူး ညမကူးစေရဘဲ ဆေးဝါးဂိမ်းက ဖြေဆေးထိုးလာတာတွေ့ရပါတယ် အရင်က ပေးနေကျ တိုကမ် အရေအတွက်ကို နှစ်ဆ တိုးပေးလာပါတယ် သိပ်တော့ များများစားစားမဟုတ်လို့ သူ့ရဲ့ နှစ်ဆကလည်း မက်စရာတော့ မရှိသေးပါဘူး ဆေးဝါးဂိမ်းက အပ်ဗုတ် တစ်ခုတည်းကသာ ကိုယ်တွေအတွက် အဆင်ပြေတာပါ တိုက်ပွဲကြားကနေ တိုကမ်တွေ စုပြီး စတင်းချိန်းယူရတာက သွားကြားတောင် မညပ်လောက်ပါဘူး ကလေးကစားသလိုလုပ်နေခြင်းသာဖြစ်လို့ ဒီနည်းကတော့ ဆေးဝါးဂိမ်းအတွက် ဖြေဆေး မဖြစ်လာနိုင်ပါဘူး
ဂိမ်းတွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှုလေးတွေ ရှိနေပါတယ် ရှေ့က ထွက်ပြီးသား ဂိမ်းကို နောက်က ဂိမ်းအသစ်က အလဲထိုးလေ့ရှိပါတယ် အသေတော့ မသက်နိုင်ကြသေးပါဘူး နောက်ထွက်လာတဲ့ ဂိမ်းတွေဆီကို လူတွေက အာရုံရောက်သွားပြီလားဆိုမှ ရှေ့ကဂိမ်းက အချိုးလေးတွေ ပြောင်းပြီး မဲဆွယ် စည်းရုံးတာလေးတွေ အခွင့်အရေး ပိုပေးတာလေးတွေ လုပ်လာလေ့ရှီပါတယ်
ထိုနည်းတွေက မအောင်မြင်ပါဘူး အစကတည်းက ကစားသူတွေ အခြားဂိမ်း ရောက်မသွားစေရန် ထိန်းသိမ်းနိုင်မှု အား နည်းကြပါတယ်
https://pixabay.com/fr/illustrations/bo%C3%AEte-lutte-position-de-combat-1013865/
အခုနောက်ဆုံးထွက် ဂိမ်းက အခုဆိုရင် ဇာတ်လမ်းရဲ့ ကျောရိုးကို မကြာခင် မြင်ရတော့မှာဖြစ်ပါတယ် အကျိုးအမြတ်ခွဲဝေမှု မြင်ရတဲ့အချိန်ကတော့ ဇာတ်ရှိန် အမြင့်ဆုံးဖြစ်မှာပါ ဇာတ်အကျပိုင်းက ဘယ်တော့လဲဆိုတာတော့ မျက်ခြေမပျက်သင့်ပါဘူး သူလဲ ရှေ့ကနည်းတူ အကျဘက် ကို သွားနိုင်ပါတယ် အချိုးမပြောင်းခင် ရစရာ ယူစရာ ယူကြရမှာပါ ပြောသာပြောရတယ် အခုထိ ပေးမယ့် အရိပ်အငွေ့ မမြင်ရသေးပါဘူး ကိုယ့်ဝေါလက်ထဲက စတင်းတွေ ထပ် ယူမယ့် အလားအလာသာ မြင်တွေ့နေရပါတယ်
နောက် ဂိမ်းတစ်ခုကတော့ မကြာခင် လာပါဦးမယ် အာကာသစစ်ပွဲဂိမ်း အရှိန်နည်းသွားတဲ့ အချိန်ကို ချိန်ကိုက်ပြီး ၀င်ရောက်မှာပါ စတင်းတွေသာ များများ ရှာထားကြပါ အရှုံးအမြတ်ကတော့ ရေတိုမကြည့်ပါနဲ့ စတီးမစ်က ရေရှည် ပလန်နဲ့သွားတာဖြစ်လို့ ဂိမ်းတွေကလည်း ရေရှည်လုပ်နိုင်မှ အကျိုးအမြတ် ပါးပါးချင်းရမယ်လို့ သုံးသပ်ရပါတယ် ကိုယ်မရပ်သရွေ့ကတော့ မရှုံးပါဘူး
ရှေ့ဂိမ်းက ရတာလေးတွေ နောက်ဂိမ်းကို ရင်းပြီး စတီးမစ်ပေါ်မှာ ဂိမ်းအင်ပါယာ တည်ဆောက်ကြရမယ်လို့ သုံးသပ်မိပါတယ်
အချိန်တွေတော့ ကုန်လွန်စေဦးမှာပါ အကျိုးအမြတ်ကတော့ စတီးမစ် ကျန်းမာရေးအပေါ် ရာနှုန်းပြည့် မူတည်နေမှာပါ ဒါက ရေရှည် လမ်းကြောင်းပေါ့ အဲ့သလို လုပ်သွားကြမှသာ နောင် တစ်ချိန် စတီးမစ်ပေါ်က ၈ိမ်းတစ်ခုခု ပေါက်သွားရင် အကျိုးအမြတ် သဲ့ယူကြရုံပါဘဲ စိတ်ကူးကြည့်တာပေါ့လေ ဖြစ်လာစရာတော့ ရှိပါတယ်
Author : @bobokyaw
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks you @esteemapp
နောက်ဂိမ်းတစ်ခု ထပ်ဝင်လာရင် ရင်းစရာမရှိတော့
Posted using Partiko Android