မကစားဖြစ်တော့ပါဘူး
စတင်းမွန်းစတား ဂိမ်းကိုတော့ မကစားဖြစ်တော့ပါဘူး ဒါပေမယ့် နှစ်ရက်တစ်ခါလောက်တော့ မှန်မှန်လေး ၀င်ကြည့်ဖြစ်ပါတယ်
ဘာတွေများ ပြောင်းလဲသွားမလဲလို့ စောင့်ကြည့်နေပါတယ် ခုချိန်ထိတော့ ထူးထူးခြားခြားပြောင်းလဲတာ မတွေ့ရသေးပါဘူး အရင်လိုပါဘဲ အရင်အတိုင်းပါဘဲ ဒါကြောင့်လည်း ကိုယ်တွေလို မကစားဖြစ်တဲ့သူတွေ မကစားဖြစ်တော့တဲ့သူတွေ များနေတာပါ
တကယ်ဆိုအပြောင်းအလဲလေး နည်းနည်းလောက်တော့ လုပ်ပေးသင့်ပါတယ် ကဒ်ကောင်းတာလေးတွေ မှန်မှန်ပေးတာဖြစ်ဖြစ် ကဒ်အရေအတွက်ကို ဒီထက် တိုးပေးတာဖြစ်ဖြစ်ပေါ့ အားလုံး ပါဝင်နိင်တဲ့ အစီအစဉ်တစ်ခုခုတော့ လုပ်ပေးသင့်ပါတယ် ငွေရင်းထားသူများအတွက်သာ ရည်ရွယ်နေလို့ လုပ်ကိုင်ရတာ တော်တော်လေး အဆင်မပြေဖြစ်စေပါတယ် အားလုံးပါဝင်နိုင်ရင်တော့ တော်တော်လေး စည်ကားလာဦးမယ်လို့ထင်ပါတယ် ကိုယ်ကလည်း ကိုယ်ဖြစ်ချင်တာသာ ဆွဲပြောနေရတာပါ သူတို့ကလည်း သူတို့ အစီအစဉ်နဲ့ကတော့ အိုကေနေပါတယ် များများ ကစားချင်ရင် ငွေများများ ရင်းဆိုထားပါတယ် ဒါကြောင့် နေ့တိုင်းတော့ မကစားတော့ဘူး နှစ်ရက်တစ်ခါတော့ မှန်မှန်လေး ၀င်ကြည့် စာလေး မှန်မှန်ရေး ဘုတ်လေး မှန်မှန်ယူ တော်ပြီလေ ဒီလောက်ဆိုရင် ကျေနပ်လိုက်တော့တာပေါ့
Photo Credit : https://steemmonsters.com/#
Author : @bobokyaw
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq