နာရီပိုင်းအလို

in #esteem5 years ago (edited)

နာရီပိုင်းအလို
pp.jpg

အခုဒီစာရေးနေချိန်မှာတော့ စတင်းမွန်းစတားက ရာသီလိဒ် တစ်ခု အဆုံးသက်ဖို့အတွက် ခုနှစ်နာရီခန့်သာ လိုပါတော့တယ် မနက်ဖန် မနက်ဆိုရင်တော့ မိမိတို့ရရှိထားသော ကဒ်အရေအတွက်အတိုင်း ဟီးရိုးတွေကို ပိုင်ဆိုင်ရမှာပါ ကံတရားအလိုက် ဘယ်လို ကဒ်တွေရမယ်ဆိုတာကတော့ မနက်ဖန် ဖွင့်ကြည့်ချိန်မှသာလျှင် သိနိုင်မှာဖြစ်ပါတယ် တစ်ယောက်နဲ့တစ်ယောက် ကဒ်တွေရတာမတူသလို တန်ဖိုးအရေအတွက် အနည်းအများကလည်း မတူညီတာကတော့ စတင်းမွန်းစတားဂိမ်းရဲ့ ထူးခြားချက်တစ်ခုဖြစ်လို့နေခဲ့ပါတယ် ဟုတ်ပါတယ် ကဒ်တွေကို ဖွင့်ကြည့်ရတဲ့ ဖီလင်က အတော်ကို စွဲလမ်းစေပါတယ် ကိုယ်ဘာတွေရနိုင်သလဲ ဘာတွေရချင်သလဲဆိုတာနဲ့ ဘာတွေရလာသလဲ ဆိုတာတွေက အမြဲတမ်း ဆန်းသစ်နေစေတဲ့ စိတ်ခံစားမှုဖြစ်လို့ပါဘဲ
မနက်ဖန်အတွက်တော့ စုစုပေါင်းကဒ် ဆယ့်နှစ်ခု ဖွင့်ခွင့်ရမှာဖြစ်ပါတယ် ဘာတွေရမလဲဆိုတာတော့ မနက်ဖန် မနက် စောစောထပြီး ကံစမ်းရမှာပေါ့ တ်ဖိုးများကဒ်တွေ ရနိုင်လိမ့်မယ်လို့တော့ မျှော်လင့်ထားပါတယ် တကယ်လို့ မရခဲ့ရင်လဲ သိပ်တော့ ၀မ်းနည်းစရာမရှိလှပါဘူး ဘာလို့လဲဆိုတော့ ရာသီလိဒ် စုစုပေါင်း ဆယ့်ငါးရက်မှာ တစ်ရက် တိတိသာလျှင် စတင်းမွန်းစတားကို ကစားခဲ့လို့ပါဘဲ ဟိုဘက်က ဆေးဝါးထုတ်ုလပ်ရေးဂိမ်းရဲ့ အချိန်စားမှုတွေကြောင့် ဒိဘက် မလှည့်နိုင်ခဲ့ပါဘူး မကစားဖြစ်ခဲ့ပါဘူး မနက်ဖန်ဖွင့်လို့ ရလာမယ့်ကဒ်တွေကတော့ အလကားရတဲ့ အခွင့်အရေးလို့ ဆိုနိုင်ပါတယ် ဒီလိုဘဲ ယူတက်ရတာပေါ့

Photo Credit : https://steemmonsters.com/#
Author : @bobokyaw

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64136.70
ETH 3128.20
USDT 1.00
SBD 3.94