တစ်ရက် နှစ်ရာလောက်တော့ ယူထားမှ

in #esteem5 years ago

Screenshot_2018-11-26-21-48-28.png

ဒီအပ်ဒိတ်ကတော့ ကိုယ့်ကို တိုင်ပါတ်စေခဲ့ပါတယ်။ အချိန်သိပ်မရတော့ နေ့စဉ် Quest လေးတောင် အလျှဉ်မှီဖို့အရေး
အတော်ကို ကြိုးစားနေရတယ် ဘယ်လိုမှကို မနိုင်ဘူးဗျို့ တိုက်ရေ ခိုက်ရေ ကောင်းတဲ့ သူကတော့ ဒီအပ်ဒိတ်နဲ့ အိုကေဘဲ
အချိန်များများပေးနိုင်ရင်တော့ ဖလားတွေ အများကြီးရနိုင်တယ်
အပ်ဒိတ်စကတည်းက တိုက်နေတာ ခုမှ ဖလား လေးရာနားမှာဘဲ တ၀ဲလည်လည် လှည့်နေတုန်းဘဲဗျ
ကစားဖော်သူငယ်ချင်းတွေ လက်တို့မေးရတယ် မင်းတို့ကော အဆင်ပြေလားဆို အရင်လိုတော့ သိပ်မကောင်းပါဘူးတဲ့
ဒါပေမယ့် ကစားတက်ရင် အဆင်ပြေပါတယ်တဲပ မင်းဖလား ဘယ်လောက်ရပြီလဲ မေးတော့ တစ်ထောင် နားမှာ ရောက်နေပြီတဲ့ ဟိုက်ရှားဘား ဘယ်လိုတွေတောင်များ တိုက်ပြီး တက်သွားတာလဲဟ ဆိုပြီး တပည့်ခံရပါတယ်
သူပြောတာတွေ နားထောင်ပြီး ခေါင်းတောင် မူးသွားတယ်
သူကတော့ ဘယ်အခြေအနေဆို ဘယ်လိုတိုက် ဘယ်အတွဲနဲ့လာမယ်ထင်ရင် ဘယ်လို စစ်ပြင်ထား
ဘယ်အကောင်က လက်ကိုင်ထားသုံး စုံလို့ စုံလို့
သူက စာရွက်တိုလေးနဲ့ မတ်သက်တောင် ထုတ်ထားသေးတယ် ကိုယ်ကတော့ အဲ့လောက် မလုပ်နိုင်သေးပါဘူး
တွေ့တဲ့အတွဲ ဆွဲထည့်ပြစ်လိုက်တာဘဲ ဒါကြောင့်ထင်ပါတယ် ခဏတမ်းရှုံး အောက်က တန်းတက်လာတဲ့ ကလေးတွေနဲ့
လဲရှုံးတာဘဲ လေဘယ်တူ ကစားဖက်တွေနဲ့လဲ ရှုံးတာဘဲ အထက်က ဆင်းလာတဲ့ လေဘယ်အမြင့်တွေနဲ့ဆိုရင်တော့
ပြောမနေနဲ့ တန်းလစ်တာဘဲ။
သူငယ်ချင်း လုပ်သလို လိုက်လုပ်ရမလိုတောင်ဖြစ်နေပြီ ခက်သည်က အချိန်သိပ်မပေးနိုင်သေး သူ့လိုဘဲ စာရွက်လေးနဲ့
ပုံသေနည်းလေးတွေ မှတ်ပြီး ကျွမ်းကျင်အောင်လုပ်ရမယ် သူကတော့ ပြောပါတယ် တစ်ရက် ကို ဖလား ခုနှစ်ရာ လောက်တော့
အသာလေး ရပါတယ်တဲ့
ရာသီလိဒ်ပွဲစဉ်ကလည်း ဆယ်ရက်ကျော်ကျန်သေးတော့ ပေါ့တော့တော့ လုပ်နေတာ
မဖြစ်သေးပါဘူး တစ်ရက် နှစ်ရာလောက်တော့ ယူထားမှ အဆင်ပြေမှာပါ မဟုတ်ရင် ဘာမှမရလိုက်ဘဲနေတော့မယ်ဗျာ
photo Credit : https://steemmonsters.com/#
Author : @bobokyaw
@bobokyaw.jpg

Sort:  

စာရွက်တိုလေးနဲ့

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကျွန်တော်ကတော့ မရှာသေးဘူးဗျ။ lvl မြင့် တဲ့ သူ အပေါ်တက်မယ့် အချိန် စောင့်နေတာ အခုနေဆို ဒင်းတို့ကို ဘယ်လိုမှ နိုင်စရာ အကြောင်းမရှိ ဘူးလေ။ summoner lvl မြင့်မှ မမြင့်ရင် monsters lvl တစ်ရာရှိလည်း တိုက်ပွဲပေါ်ရောက် lvl ဝမ်း ကမတက်တော့ သေပြီလေ။ 😀

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62349.28
ETH 3026.88
USDT 1.00
SBD 3.67