တစ်ရက်တစ်ပုဒ်တော့ တင်ရမယ်

in #esteem5 years ago (edited)

တစ်ရက်တစ်ပုဒ်တော့ တင်ရမယ်

alll.jpg

ဒီနေ့တော့ အလုပ်တွေများလွန်းတာကြောင့် တိုက်ပွဲတွေလည်း တစ်ပွဲမှ မတိုက်ရပါဘူး သူများတွေ တိုက်ပွဲကိုယ်စီနဲ့ သာယာနေကြတာမြင်တော့ အားကျနေတာကလွဲပြီး ဘာမှ မလုပ်နိုင်ပါ ဒီအတိုင်းလေးဘဲ စိတ်အယားပြေ ၀င်ဝင်ကြည့်လို့နေရပါတယ် မ၀င်ကြည့်လို့ မဖြစ်ပါဘူး ကိုယ်က မတိုက်နိုင်သော်လည်း ကိုယ့်ကို တိုက်နိုင်သူများက ဒုနဲ့ ဒေးပါဘဲ လစ်တာနဲ့ ၀င်ဆွဲမယ့် သူများက အဆင်သင့်စောင့်လို့ နေကြပါတယ် ကိုယ်ကသာ သူများအိမ်သွားတိုက်ရင် အလှည့်မရတာ ရှိပါမယ် ကိုယ့်အိမ်ကတော့ ဒိုင်းကာ ပြုတ်တာနဲ့ ချက်ချင်းရောက်လာတာပါဘဲ အဲ့တော့လဲ ဒီအတိုင်း ပေးစားလိုက်လို့က မဖြစ်ပါဘူး ရှိစုမဲ့စုလေးတွေ ပြောင်သွားမှာ စိုးတာကြောင့် ရှိတာတွေအကုန် သုံးရပါတယ် စစ်သားတွေကိုလည်း တပ်တစ်ခုလုံး နယ်မြေပြောင်းပေးရပါတယ် မပြောင်းလို့မဖြစ် ဒီကောင်တွေကလည်း မဲမဲမြင် တိုက်မယ်ဆိုတာချည့်ပါဘဲ ကိုယ့်စစ်သားတော့ အဆုံးမခံနိုင်ပါဘူး ဒီတပ်စုလေး ရလာဖို့ ဆယ်ရက်လောက် လေ့ကျင့်သင်ကြားပေးထားရတာ ၀ယ်ထားရတာ စုဆောင်းထားရတာပါ စစ်အသုံးစရိတ်ကလည်း နည်းတော့မနည်းပါ တစ်ရက်တစ်ရက် ရလာသော နေ့စဉ် ခွဲတမ်းစရိတ်နဲ့က တော်တော်ကြာအောင် စုဆောင်းရပါတယ်
ဒီနေ့တော့ စာလည်း မရေးဖြစ်တော့ပါဘူး တိုက်ပွဲလည်း မတိုက်ရသေးတော့ စာရေးတာလေး နားပြီး တိုက်ပွဲရှာလိုက်ပါဦးမယ် စာမရေးဆို ဒါကတော့ စတိသဘော ၀င်ရေးတာပါ တစ်ရက်တစ်ပုဒ်တော့ ရေးပါရစေလေ မရေးရင် နူမှာစိုးလို့ ရေးနေတယ်ဘဲ ပြောရမလိုတောင်ဖြစ်နေပါပြီ အစွဲအလမ်းက ဖြတ်ရခက်ပါတယ် ဒိလိုနဲ့ဘဲ စတီးမစ် ဘိုးအေတစ်ယောက် ဖြစ်သွားနိုင်ပါတယ် မတက်နိုင်ဘူးလေ ကိုက စတီးမစ်ကို စွဲလမ်းနေမိပြီဘဲ

Photo Credit : https://steemmonsters.com/#
Author : @bobokyaw

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64231.88
ETH 3128.59
USDT 1.00
SBD 3.95