Devastating

in #esteem8 years ago

လူအထင်ကြီးခံရအောင်ကြိုးစားကြတဲ့အခါ

တစ်ချို့က အရှိထက်၊အသိထက် ပိုနေသယောင်
ဟန်ဆောင်တတ်လာတယ်....

တစ်ချို့က မရှိကို အရှိလုပ်၊
အရှိကို မရှိလုပ်ပြီးလိမ်ညာတတ်လာတယ်....

အမှန်အကန်မဟုတ်တာမှန်သမျှ
ကြာရှည်မခံဘူးဆိုတာ တွေးထားသင့်တာပေါ့...

လူအထင်ကြီးခံရဖို့ လုပ်ကြည့်ရင်းနဲ့
အထင်သေးစရာဖြစ်သွားတတ်တာမျိုး
တွေ့ဖူးကြမှာပါ....

တကယ်တော့ ကိုယ့်ကိုကိုယ်အထင်မသေးသ၍၊
ကိုယ့်ကိုကိုယ် အမှန်မြင်နေသ၍
တခြားလူရဲ့ အထင်အမြင်က
အရေးမပါပါဘူး....
အထင်ကြီးခံလိုတဲ့စိတ်နဲ့ အထင်သေးခံရမှာကြောက်တဲ့စိတ်တွေဟာ
ကိုယ့်ကို ထိုင်းမှိုင်းမွန်းကျပ်စေတယ်...

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့
စိတ်စေတနာကောင်းနဲ့သာ
လုပ်စရာရှိတာကို လုပ်ပါ...
အထင်ကြီးခံရလို့လဲ ဘဝင်မြင့်စရာမရှိသလို
အထင်သေးခံရလို့လဲ အားငယ်စရာမလိုပါဘူး...
ကိုယ့်ကိုကိုယ် လျော့မတွက်ဖို့
အထင်မသေးဖို့ပဲ လိုတယ်....
ရိုးရိုးရှင်းရှင်း၊လွတ်လွတ်လပ်လပ်၊ပေါ့ပေါ့ပါးပါး
ရှင်သန်နိုင်ဖို့ပဲ လိုပါတယ်.....

@chitchit

Sort:  

အးပေးနေပါတယ်

ကျေးဇူးတင်ပါတယ်

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.077
BTC 63954.22
ETH 1787.53
USDT 1.00
SBD 0.47