ingraters

in #esteem8 years ago

"စေတနာသည်လူတိုင်းနှင့်မတန်ပါ" ဆိုသော စကား(သို့)စာတန်းလေးကို ခများတို့ ကျနော်တို့ တွေ့ဖူးကြုံဖူးကြမှာပါ

လူတိုင်း လူတိုင်းအပေါ် စေတနာ ထားလို့ရပေမယ့်
လူတိုင်းက စေတနာနဲ့ မတန်ကြပါဘူး ဗျာ

ကျေးဇူး ရှိသူကသာ ကျေးစွတ်တတ်တယ်
ကျေးဇူးမရှိရင် နုတ်တောင်မဆက်ဖူးရယ်

ကိုယ်က ဘယ်လောက် တန်ဖိုးထားပြီး
အမြင့် တင်ထားလည်း မထိုက်တန်သူက ခုန်ချမှာပဲ

ကိုယ်နဲ့ မထိုက်တန်တဲ့သူ ရှိသလို
တစ်ယောက်ယောက်နဲ့ မထိုက်တန်တဲ့
ကိုယ်လည်း ဖြစ်နိုင်တာပဲ

လိုအပ်တာထက် ပို ဂရုစိုက်ပြရင်
ကိုယ့်က နင်းပြားခံ ဘဝရောက်တတ်တယ်
ကိုယ် ဟာ ဘယ်သူ့ကို
ဘာပဲပေးပေး
ဘာတွေပဲ လုပ်ပေးလုပ်ပေး
ပေးလိုက်တယ် ဆိုကတည်းက
ကိုယ့် ရဲ့ ရင်းနှီးထားတဲ့
အရာတွေကထဲက ဖဲ့ပေးလိုက်ခြင်းပဲ

ဒါကို "ပေးဆပ်တယ်"လို့ခေါ်တယ်…
ပေးဆပ် ခြင်းတွေမှာ
မျှော်လင့်ချက် ပါတယ်မပါဘူးဆိုတာ
ခဏဘေးပို့ထား
ဒါပေမဲ့ လူဆိုတဲ့ စိတ်ဆန္ဒ အရ
သကြားလုံးတစ်လုံးပေးလိုက်ရင်တော့
တစ်လုံးပြန်မရချင်နေပါ
အခွံလေးတော့ ပြန်ပေးရင်
ကျေနပ်ကြတယ်
အဲ့တာကို "အသိမှတ်ပြုခံချင်တာ" လို့
ခေါ်တယ်သဘောပေါက်အောင်ပြောရရင်
"Reaction" တူညီတဲ့တုန့်ပြန်မှုကိုဆိုလိုတာပဲ
ဒါပေမဲ့ တစ်ဖက်လူကဘာကိုမှ မတုန့်ပြန်လာတဲ့အပြင်
ကိုယ်ပေးလိုက်သမျှတွေကိုအလွဲသုံးစားလုပ်မယ်
မသိကျိုးကျွံ ပြုမယ်ဆိုရင်
ကိုယ့်အတွက် တော့ တရားမမျှတဘူးမဟုတ်လား
ဒါဆိုရွေးချယ်ဖို့ တစ်ခုပဲရှိတော့တယ်
စွန့်လွတ်ရတော့မယ်လေ
ကိုယ့်မေတ္တာ ဂရုဏာတွေကို
အလွဲသုံးစား လုပ်ခံရတာများလာတာထက်
ရင်ဘက်ထဲမှာ ဥပေက္ခာတရားတွေပဲ
စိုက်ပျိုးထားလိုက်တာကမှ
ကိုယ့်အတွက်ပိုကောင်းမယ်ထင်တယ်ဘာဖြစ်လို့လည်းဆိုတော့နီးနီးလေးမှာနေပြီးနာကျင်နေရမဲ့အတူတူတော့
တဖြေးဖြေးဝေးသွားအောင်
မသိမသာလေး ခွဲခွာပြီးတန်ဖိုးမသိသူတွေအတွက်
ပေးဆပ်မှုတွေဟာ
အတိုင်းအတာတစ်ခုရှိတယ်ဆိုကို
ဖော်ပြဖို့တော့လိုတယ်ဒါမှ ကိုယ့်တန်ဖိုးကိုသူသိလိမ့်မယ်
ဒီလိုမှ မဟုတ်ပဲသူနားမှာဖြစ်တည်နေရရင်ပြီးရော
ဖြစ်ချင်ရာဖြစ် အရာအားလုံးကို
ပုံအောပေးထားတဲ့အခါကိုယ်ဟာ သူ့အတွက် ဈေးပေါနေတဲ့
ပေါပေါပဲပဲ ပစ္စည်းလို့ပဲသူမြင်လိမ့်မယ်
တစ်ခါတစ်လေတော့လည်းပေးဆပ်ခြင်းတွေမှာ
အကန့်အသတ် အတိုင်းအတာလေး
ရှိတယ်ဆိုတာကိုတစ်ဖက်လူသိအောင်
ခွဲခွာသင့်ရင် ခွဲခွာနိုင်ဖို့ ကြိုးစားရပါမယ်

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.081
BTC 65679.96
ETH 1781.17
USDT 1.00
SBD 0.42