အားလပ်ချိန်မှာ

in #esteem6 years ago

ဒီတစ်ပတ်ရဲ့ Movie Review ကဏ္ဍမှာတော့ ၂၀၁၇ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ဇာတ်ကားကောင်းတချို့ကို တင်ပြပါမယ်။ Wormwoodမီနီစီးရီးဇာတ်လမ်းဖြစ်ပါတယ်။ docudrama ပုံစံရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး ၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။
image
ဒါရိုက်တာ Errol Morris က ရိုက်ကူးထားတာဖြစ်ပြီး အစိုးရရဲ့ ရောဂါပိုးမွှားလက်နက်စစ်ဆင်ရေးအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ သိပ္ပံပညာရှင်တစ်ဦးရဲ့ဘ၀ကို အခြေပြု ရိုက်ကူးထားတာဖြစ်ပါတယ်။ အမေရိကန်သရုပ်ဆောင် Peter Sarsgaard က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
Lady Macbethဒီဇာတ်ကားကတော့ ဗြိတိန်ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ အသက်ကြီးတဲ့အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး မပျော်ရွှင်ဖြစ်နေတဲ့ မိန်းမငယ်လေးတစ်ယောက် အသက်အရွယ်သူအိမ်လုပ်သားလေးတစ်ဦးနဲ့ တွေ့ဆုံတဲ့အခါမှာတော့ အရူးအမူးချစ်မိသွားခဲ့တဲ့ ဇာတ်လမ်းကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ William Oldroyd က ရိုက်ကူးထားတာဖြစ်ပြီး ဗြိတိန်မင်းသမီး Florence Pugh က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
Dunkrikတိုက်ခိုက်ရေးစစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Christopher Nolan က ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်စဉ်ကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ၊ ဗြိတိန်နဲ့ ပြင်သစ်စစ်သားတွေ ဂျာမန်စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခက်ခက်ခဲခဲခုခံရတဲ့ ဇာတ်လမ်းကို အခြေတည်ကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Fionn Whitehead၊ Tom Glynn-Carney၊ Jacck Lowden၊ Harry Styles၊ Aneurin Barnard စတဲ့ သရုပ်ဆောင်တွေက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။Okjaဒီဇာတ်ကားကတော့ တောင်ကိုရီးယားနဲ့ အမေရိသရုပ်ဆောင်တွေ ပေါင်းစပ်ရိုက်ကူးထားတဲ့ စွန့်စားခန်းအက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ Okja လို့အမည်ရတဲ့ မိတ်ဆွေတိရစ္ဆာန်လေးကို ချစ်ခင်ပြီး ကာကွယ်ပေးတဲ့ အမျိုးသမီးငယ်လေးရဲ့ ခက်ခဲစွန့်စားရမှုတွေကို အခြေတည်ကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို တောင်ကိုရီးယားဒါရိုက်တာ Bong Joon-ho က ရိုက်ကူးထားတာဖြစ်ပြီး ကလေးသရုပ်ဆောင် Ahn Seo-hyun က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 64161.84
ETH 2950.76
USDT 1.00
SBD 3.60