အရွယ်​​တွေရလာ​တော့......

in #esteem6 years ago

အရွယ်​​တွေရလာ​တော့

ငယ်​ငယ်​တုန်းက ကိုယ့်​ကို ထိရင်

ဆတ်​ဆတ်​ထိမခံတဲ့ မာန​တွေကို

လှလှပပ​လေး ​ခေါက်​သိမ်းတတ်​လာပြီး

တုန့်​ပြန်​ချင်​တဲ့စိတ်​ထက်​ ခွင့်​လွှတ်​​ပေးဖို့ကိုပဲ

ကြိုးစားတတ်​လာတယ်



အရွယ်​​တွေရလာ​တော့

ငယ်​စဉ်​အခါက ကိုယ်​မှကိုယ်​ပဲ

ဦးစား​ပေးအ​လေးထားခံချင်​စိတ်​​တွေကို

ဖြေ​လျော့လာတတ်​ပြီး

ကိုယ့်​အတွက်​ဆိုတာထက်​ အများအတွက်​ကိုပဲ

တွေး​တော လုပ်​​ဆောင်​တတ်​လာတယ်



အရွယ်​​တွေရလာ​တော့

ငါ အတ္တ ၊ ငါ့မာန ၊ ငါ့အကျိုး ၊

ငါ့ ဂုဏ်​သိက္ခာ​တွေဆိုတာထက်

ဖြစ်​သင့်​တာ​တွေအတွက်

"ငါ ”ဆိုတာကြီးကို မုန်းတီးစွာ

ခွာချတတ်​လာတယ်



အရွယ်​​တွေရလာ​တော့

အရင်​က အ​ပေါင်းအသင်းအများကြီးထားမှ

ပျော်​ရွှင်​ရတာထက်​ မိတ်​​ဆွေအနည်းငယ်​နဲ့ပဲ

ဘဝကို ​လေးနက်​စွာ ဖြတ်​သန်းချင်​လာတတ်​တယ်



အရွယ်​​တွေရလာ​တော့

ငြိတွယ်​ပြီးဖြစ်​တဲ့ သံ​ယောဇဉ်​​တွေကို

ရူးမိုက်​စွာ ချည်​​နှောင်​ထားဖို့ထက်

မေတ္တာနဲ့ ပဲ သူ​ရော ကိုယ်​ပါ

အေးချမ်း​အောင်​ စိတ်​ကို​နေရာချတတ်​လာတယ်



အရွယ်​​တွေရလာ​တော့

အောင်​မြင်​မှု​တွေ ​ထွေးပိုက်​ထားဖို့ထက်

တည်​ငြိမ်​ရင့်​ကျက်​​အေးချမ်းတဲ့

ဘဝရဲ့ အနှစ်​သာရ​တွေကိုပဲ

မက်​​မောခုံမင်​လာတတ်​တယ်



အသက်​အရွယ်​ဆိုတာ

လူတစ်​​ယောက်​ရဲ့ အ​တွေးအ​ခေါ်

အသိအမြင်​ ခံယူချက်​​တွေကို

များစွာ​ပြောင်းလဲ​ပေးနိုင်​တဲ့

လောကဓံတစ်​ခုလို့ ​ပြောရင်​ မလွန်​ဘူးထင်​ပါတယ်

Sort:  

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65935.31
ETH 3015.23
USDT 1.00
SBD 3.75