Continue to make a success

in #esteem6 years ago (edited)

တစ်​ခါတ​လေ

အစွန့်​ပစ်​ခံခဲ့ရတဲ့ ပစ္စည်းတစ်​ခုက

အခြားသူတစ်​​ယောက်​အတွက်

တန်​ဖိုးမဖြတ်​နိုင်​တဲ့ အရာဖြစ်​​နေတတ်​တယ်​။



တစ်​ခါတ​လေ

အနင်း​ချေခံခဲ့ရတဲ့ လူတစ်​​ယောက်​က

လောကကြီးအတွက်​ တန်​ဖိုးရှိတဲ့သူတစ်​​ယောက်

ဖြစ်​လာတတ်​တယ်​။
image

တစ်​ခါတ​လေ

ရင်းနှီး​ပေးဆပ်​မှု​တွေက လတ်​တ​လောမှာ

တန်​ဖိုးဖြစ်​မလာ​ပေမယ့်​ အချိန်​ကြာလာပြီး

မရနိုင်​​တော့တဲ့အချိန်​​ရောက်​မှ

လွတ်​တဲ့ငါးက ကြီး​နေတတ်​တယ်​။



တစ်​ခါတ​လေ

တချို့​သော လွဲ​ချော်​မှု​တွေက မထိုက်​တန်​လို့

တန်​ဖိုးမညီမျှလို့ မဟုတ်​ဘဲ

ပိုပြီးမြင့်​မားတဲ့​နေရာ​ရောက်​ဖို့

တမသက်​သက်​ လွဲ​ချော်​​ပေးရတာ​တွေ ဖြစ်​​နေတတ်​တယ်​။
image

စွန့်​ပစ်​ခံရတိုင်း တန်​ဖိုးမရှိလို့မဟုတ်​သလို

လွဲ​ချော်​မှု​တွေရှိတိုင်း ကံဆိုးလို့မဟုတ်​ပါဘူး

ပေးဆပ်​​နေရတိုင်း တန်​ပြန်​သက်​​ရောက်​မှု

မရှိတာမဟုတ်​သလို အနင်းခံရတိုင်း

ဘဝက ပြားသွားတာမဟုတ်​ပါဘူး။



ဘာပဲဖြစ်​ဖြစ်​ ပါ

ဖြစ်​လာသမျှကို အ​ကောင်းဆုံး ရင်​ဆိုင်​ပြီး

ကိုယ်​ကိုယ်​တိုင်​က မပြိုလဲသ​ရွေ့

ဘယ်​အရာကမှ ကိုယ့်​ကို ဘဝပျက်​သွား​အောင်

မလုပ်​နိုင်​ဘူးဆိုတာကို ယုံကြည်​မှုရှိရှိနဲ့

ရှေ့ဆက်​ပါ။

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 66306.00
ETH 3012.37
USDT 1.00
SBD 3.70