Online digital currency mining and external world mining

in #esteem6 years ago

တစ်​ချို့်​​သော ​မေတ္တာ​တွေက

အ​နေနီးချိန်​မသိသာ​ပေမယ့်

ဝေးသွား​တော့မှ အိပ်​​ပျော်​​နေတဲ့

နှလုံးသားက ရူးရူးမိုက်​မိုက်​ဖြစ်​ကျန်​​နေတတ်​တယ်​။



တစ်​ချို့်​​သော ​စေတနာ​တွေက

ပေး​နေချိန်​မှာ တန်​ဖိုးမသိ​ပေမယ့်

စေတနာ​တွေနဲ့ ​ဝေးသွား​တော့မှ

တသသဖြစ်​ကျန်​​နေတတ်​တယ်​။
image

တစ်​ချို့်​​သော နာကျည်းမှု​တွေက

နီး​နေချိန်​မှာ ​သွေးဆူ​နေတတ်​​ပေမယ့်

ဝေးသွား​တော့မှ ကိုယ်​တကယ်​ သူ့ကိုမမုန်းခဲ့မှန်း

နောင်​တ​တွေနဲ့ သိလာတတ်​တယ်​။
image

တစ်​ချို့​သော ​ပေးဆပ်​မှု​တွေက

ရ​နေတုန်း​တော့ တစ်​ဖက်​မှာ သိသိသာသာ

ကျေးဇူးတင်​ရ​ကောင်းမှန်းမသိ​ပေမယ့်

ဝေးသွား​တော့မှ တ​မြေ့​မြေ့နဲ့

လွမ်း​ဆွေးတမ်းတ​နေတတ်​တယ်​။



အ​နေနီးခြင်း​ဝေးခြင်းက

တစ်​ခါတစ်​ခါ လူသား​တွေရဲ့ နှလုံးသားကို

အကွာအ​ဝေးဖြစ်​​စေတတ်​ပြီး

အိပ်​​ပျော်​​နေတဲ့နှလုံးသားကို လန့်​နိုး​စေတတ်​သလို

သွေးပူ​နေတဲ့ နှလုံးသားကို ​အေးစက်​သွား​စေတတ်​တာ

သဘာဝတစ်​ခုလိုပါပဲ။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 66304.34
ETH 2983.64
USDT 1.00
SBD 3.68