ကျော်​ဖြတ်​ပါ

in #esteem6 years ago

အချစ်​မှာ ပုံ​သေနည်း​တော့မရှိဘူး

ဒါ​ပေမယ့်​ အချစ်​​ကြောင့်

မျက်​ရည်​ကျရတာက​တော့

သေချာတယ်​​လေ



အလွမ်း ဆိုတာ

လက်​ဆုပ်​လက်​ကိုင်​ ပြသလို့​တော့မရဘူး

ဒါ​ပေမယ့်​ လူမသိသူမသိ တိတ်​တိတ်​​လေး

လောင်​ကျွမ်း​နေတာ အလွမ်းဆိုတဲ့ အရာပဲ​လေ



သံ​ယောဇဉ်​ ဆိုတာ

ထုတ်​​ဖော်​ပြလို့​တော့ မရဘူး

ဒါ​ပေမယ့်​ အချိန်​ကြာလာ​လေ

တင်းကြပ်​ပူ​လောင်​လာတာ

သံ​ယောဇဉ်​ ပဲ​လေ



အမုန်း ဆိုတာ

မချစ်​​တော့လို့ မုန်းခဲ့တာမှ မဟုတ်​တာ

အစွန်း​ရောက်​​အောင်​ချစ်​ခဲ့မိလို့

နာကျင်​မှု​တွေ စုပြုံ​နေတဲ့ အရမ်းကြီးမားတဲ့

အစိုင်​အခဲပဲ​လေ



အချစ်​ အမုန်း အလွမ်း သံ​ယောဇဉ်​ ဆိုတာ

နှလုံးသားရှိတဲ့ သတ္တဝါတိုင်း

ကျော်​ဖြတ်​ရမည့်​ မဟာတံတိုင်းကြီး​တွေပါ

သံ​ယောဇဉ်​​ကြောင့်​ ဖြစ်​လာတဲ့

ပူ​လောင်​မှု ၊ လှိုင်းတံပိုး​တွေကို ပညာသားပါပါနဲ့

ပါးနပ်​စွာ ​ကျော်​ဖြတ်​လာနိုင်​ရင်

သင်​ဟာ ရင့်​ကျက်​သူတစ်​​ယောက်​ပါပဲ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 63036.79
ETH 3067.42
USDT 1.00
SBD 3.82