📣

in #esteem8 years ago

“ဒါနကောင်းမှုပြုကြသည့်အခါ ဆုတောင်းပုံ”

ဒါန ၂-မျိုး အကျိုးပေးပုံ…

သဘာဝဓမ္မတရားတော်တို့တွင် ဒါန၊ သီလ၊ ဘာဝနာတရားတို့၌ ဒါနသည် “ဝဋ္ဋနိဿိ တဒါန”၊ “ဝိဝဋ္ဋနိဿိ တဒါန” ဟူ၍ ၂-ပါးရှိ၏၊

“ဝဋ္ဋနိဿိ တဒါန”-

မဂ်ဖိုလ်နိဗ္ဗာန်ကို မတောင့်တပဲ လောကီချမ်းသာကိုသာ တောင့်တ၍ ပြုအပ်သောဒါန ဖြစ်၏၊ ဤဒါန၌ တဏှာဦးစီး၏။

“ဝိဝဋ္ဋနိဿိ တဒါန”-

လောကီချမ်းသာကို မတောင့်တ၍ ဤဒါနကုသိုလ်ကြောင့် လောဘမီး ငြိမ်းပါရစေ၊ ဒေါသမီး ငြိမ်းပါရစေ၊ မောဟမီး ငြိမ်းပါရစေ၊ ဇာတိမီး ဇရာမီး ဗျာဓိမီး မရဏမီး ငြိမ်းပါရစေဟု စသည့်ဖြင့် နိဗ္ဗာန်ကို တောင်းတ၍ ပြုအပ်သောဒါနဖြစ်၏၊ ဤဒါန၌ နိဗ္ဗိဒါဉာဏ် ဦးစီး၏။

“ဝဋ္ဋနိဿိ တဒါန” သည် မဂ်ဖိုလ်နိဗ္ဗာန်သို့ မဆောင်နိုင်၊ လူချမ်းသာ နတ်ချမ်းသာကိုသာ ဆောင်နိုင်၏၊

“ဝိဝဋ္ဋနိဿိ တဒါန” သည် လူချမ်းသာ နတ်ချမ်းသာကိုလည်း ဆောင်နိုင်၏၊ မဂ်ဖိုလ်နိဗ္ဗာန်ကိုလည်း ဆောင်နိုင်၏၊

ဆောင်ပုံကား… ထိုဒါနကုသိုလ်စေတနာသည် နိဗ္ဗိဒါဉာဏ်ဦးစီးပါရှိသည့်အတွက် နောင်ဘဝ၌ အလွန်မြင့်မြတ်သော ဈာန်မဂ်ဖိုလ်ကို ရထိုက်သော တိဟိတ်ဥက္ကဋ္ဌ ပဋိသန္ဓေကို ပေးနိုင်၏၊

ဤဘဝမှာလည်း ထိုဒါနကုသိုလ်ကို စာဂါနုဿ တိ ကမ္မဋ္ဌာန်းပြု၍ ပွားများသည်ရှိသော် ဥပစာရဈာန်ကို ရနိုင်၏၊

ဥပစာရဈာန်ဆိုသည်ကား လောကီအပ္ပနာဈာန်၊ လောကုတ္တရာအပ္ပနာဈာန်တို့၏ အနီးအကပ်ဖြစ်သော ဘာဝနာဈာန် အထူးပေတည်း၊

“ဝိဝဋ္ဋနိဿိ တဒါန” သည် ဤမျှလောက် လောကီ၊ လောကုတ္တရာချမ်းသာကို ဆောင်နိုင်၏။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး
(သာသနဝိသောဓနီကျမ်း)
.........

image
@flay

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 65809.11
ETH 1913.08
USDT 1.00
SBD 0.38