Kan-cutting DO NOT HANG UP

in #esteem6 years ago

ခလုတ်​တိုက်​မိလိုက်​ရုံနဲ့ လဲကျသွားလို့

ပြန်​မထနိုင်​ရင်​ ကံကြမ္မာရဲ့ အပြစ်​မဟုတ်​​တော့ဘူး

ကိုယ့်​ရဲ့ ​ပျော့ညံ့မှု ဖြစ်​သွားပြီ။



ချစ်​သူနဲ့ လမ်းခွဲခဲ့ရလို့ ဘဝကို ဟန်​ချက်​မထိန်းနိုင်​ရင်

ကံကြမ္မာရဲ့ အပြစ်​မဟုတ်​​တော့ဘူး

ကိုယ့်​ စိတ်​ဓာတ်​သက်​လုံ အသုံးမကျတာ

ဖြစ်​သွားပြီ။
image

ဆင်းရဲတွင်းနက်​တယ်​ဆိုပြီး မကြိုးစားဘဲဖြစ်​သလို​နေတာက

ကံကြမ္မာရဲ့ အပြစ်​မဟုတ်​ဘူး

ကိုယ်​အသုံးမကျတာကို ဝန်​မခံချင်​လို့

ကံကြမ္မာကို တရားခံရှာလိုက်​ခြင်းပဲ။



ကိုယ့်​ထက်​​တော်​တဲ့ လူ​တွေ

လောကကြီးမှာရှိ​နေတာက ကံကြမ္မာရဲ့ အပြစ်​လို့

မဆိုပါဘူး

သူ့လို ​တော်​ချင်​ရင်​ သူ့လို မကြိုးစားခဲ့တဲ့

ကိုယ့်​ရဲ့ ဝီရိယအားနည်းမှုပါ။
image

တစ်​ခုခုဆိုရင်​ အခြားသူကို တရားခံရှာပြီး

အပြစ်​ပုံချတာက လူညံ့​တွေအလုပ်​ပါ

အောင်​မြင်​နိုင်​တဲ့ လူတစ်​​ယောက်​က

သူများကို တရားခံရှာဖို့ထက်​ ကိုယ့်​အားနည်းကို

မြင်​​အောင်​ကြည့်​ပြီး ကံတရားကို

ဥာဏ်​ပညာနဲ့ ထိန်းသိမ်းတယ်​။



တစ်​ခုခုဆိုရင်​ ကံတရားကို အပြစ်​ပုံချ​နေသမျှ

ကံကြမ္မာရဲ့ ဒဏ်​ခတ်​ခြင်းကို

ပို၍ပို၍ ခံရမယ်​ဆိုတာ ​သေချာသ​လောက်​ပါပဲ။

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 70245.15
ETH 3761.26
USDT 1.00
SBD 3.99