မညာပါနဲ့

in #esteem6 years ago

မညာပါနဲ့

အ​ကြောင်းကံ​ဝေးပြီး

ဖူးစာမပါလို့ လွဲချင်​လွဲမယ်

ရင်​ထဲမှာ ရူးခါ​​နေ​အောင်​ ချစ်​ခဲ့ဖူးသူတစ်​​ယောက်

လူအများစုရဲ့ အတိတ်​မှာ ရှိခဲ့တယ်​ဆိုတာ အမှန်​ပါပဲ



မညာပါနဲ့

အမှန်​တရားဆိုတာ လူတိုင်းကြိုက်​​ပေမယ့်

အမှန်​တရားရဲ့ ​ဘေးထွက်​ဆိုးကျိုးကို

လူ​တော်​​တော်​များများ ​ကြောက်​တတ်​ကြတာ

အမှန်​ပါပဲ



မညာပါနဲ့

ကိုယ်​ မက်​​မောတာက တစ်​​ယောက်​ဖြစ်​​နေပြီး

ကိုယ့်​ကို အရမ်းလိုချင်​မက်​​မောတာက

အခြားတစ်​​ယောက်​ဖြစ်​​နေတတ်​တာ

လူတစ်​ချို့မှာ ရှိ​ခဲ့ဖူးတယ်



မညာပါနဲ့

အရွယ်​ငယ်​စဉ်​တုန်းက မိဘက ပထမဖြစ်​​ပေမယ့်

အိမ်​​ထောင်​လည်းကျ​ရော ကိုယ့်​မိသားစုက

ပထမဖြစ်​သွားတတ်​တာ သဘာဝတစ်​ခုလိုပါပဲ



မညာပါနဲ့

အချစ်​ရဲ့ လှိုင်းတံပိုး​တွေ နှလုံးသားကို

ပြင်းထန်​စွာ ရိုက်​ခတ်​ခံရတဲ့အခါ

အရွယ်​ ကျား/မ မ​ရွေး

ရှက်​​ကြောပြတ်​တဲ့အခ်ျိန်​​တွေရှိခဲ့တာ

အမှန်​ပါပဲ



မညာပါနဲ့

ကိုယ်​ချစ်​တဲ့သူတစ်​​ယောက်

အခြားတစ်​​ယောက်​နဲ့ ရင်းနှီးခင်​မင်​စွာ

ပြောဆိုဆက်​ဆံတာကို ​တွေ့လိုက်​တဲ့အခါ

ခဏတာသ၀န်​တိုစိတ်​ ဖြစ်​မိတတ်​ကြတာ အမှန်​ပါပဲ



တကယ်​လို့ အထက်​​ဖော်​ပြပါ

အ​ကြောင်းအရာ​တွေကို မဟုတ်​ပါဘူးလို့

သင်​ ငြင်းဆန်​လိုက်​တာနဲ့

သင်​ ညာလိုက်​ပြီဆိုတာပါပဲ။

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 70118.25
ETH 3744.50
USDT 1.00
SBD 3.84