ဆိုကြပါ

in #esteem6 years ago

မြန်မာ့စောင်းလို့ လူသိများကြတဲ့ စောင်းကောက်ဟာ ရှေးကတည်းကရှိခဲ့တဲ့ မြန်မာ့ကြိုးတပ်တူရိယာ တစ်ခုဖြစ်ပါတယ်။ပုဂံအာနန္ဒာစေတီတော်အတွင်းရှိ နံရံကပ်ကျောက်ရုပ်တုတော်တွေမှာ စောင်းကောက်ပုံတစ်ပုံကို အစောဆုံးတွေ့ရှိပြီးနောက် ပုဂံခေတ်ကစတင်ကာ စောင်းကောက်တွေ ခေတ်စားခဲ့တယ်လို့ ဆိုကြပါတယ်။
image
မြန်မာစောင်းကောက်တွေမှာ ယောက်ျားတီးစောင်း နဲ့ မိန်းမတီးစောင်းဆိုပြီး အမျိုးအစား ၂ မျိုးရှိပါတယ်။ ယောက်ျားတီးစောင်းက ကြီးပြီး မိန်းမတီးစောင်းက သေးငယ်ပါတယ်။ မြန်မာစောင်းကောက်တွေမှာ တပ်ဆင်ထားတဲ့ ကြိုး ၁၃ ကြိုးရှိပြီး သံစဉ်တွေအပေါ်မူတည်ကာ ကြိုးတွေကို အမည်ပေးခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
အခုခေတ်မှာတော့ အပေါ်ဆုံးမှာ တစ်ကြိုးတင်ပြီး ၁၄ ကြိုးနဲ့ တီးကြတယ်လို့လည်း သိရပါတယ်။ စောင်းတီးရာမှာ သံစဉ် ၇ မျိုးခွဲခြားပြီး ကြိုးတွေကို ပြုပြင်တီးခတ်ကြ တာဖြစ်ပါတယ်။ စောင်းကောက်တွေကို ပြုလုပ်ရာမှာ အဓိကအနေနဲ့ ပိတောက်အနှစ်သားနဲ့ ပြုလုပ်တတ်ကြပြီး စောင်းအိုးထိပ်ကို သမင်ရေနဲ့ အုပ်ရပါတယ်။ အဲဒီနောက် အပေါက်ဖောက်ခြင်း ၊ ကြိုးတပ်ခြင်း လုပ်ငန်းစဉ်တွေကို အဆင့်ဆင့်ပြုလုပ်ရတာဖြစ်ပါတယ်။ စောင်းနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေနဲ့ ရင်းနှီးနေတဲ့ စကားထာတစ်ခုကိုလည်း သိကြမှာပါ။ အဲဒါကတော့ “မြေမှာသက်ငှက်လည်းမဟုတ် ၊ ရင်ဝယ်ထားသားလည်းမဟုတ် ၊ မုတ်ဆိတ်ဖွားကုလားမဟုတ်” ဖြစ်ပါတယ်။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62656.62
ETH 2941.90
USDT 1.00
SBD 3.59