အမျိုးသမီးဘဝ လုံခြုံမှုဂရုပြု​စေချင်

in #esteem6 years ago (edited)

မြန်​မာနိုင်​ငံရှိ အမျိုးသမီးများဘဝ လုံခြုံစိတ်​ချမှု​ရှိ​စေ​ရေးအတွက်​ ယခုအခါအ​ရေးတကြီးလိုအပ်​​နေပြီဖြစ်​သည်​။အမျိုးသမီးများ လုံခြုံမှုဆိုရာ၌ အမျိုးသမီးများအား အနိုင်​ကျင့်​နှိပ်​စက်​မှု၊အမျိုးသမီးများ လူကုန်​ကူးခံရမှုတို့အပြင်​ အမျိုးသမီးများအား အဓမ္မပြုကျင့်​ခံရမှုတို့ပါဝင်​ပြီး ယင်းကိစ္စများကို အ​ရေးတယူ​ကိုင်တွယ်​​ဆောင်​ရွက်​လျက်​ရှိ​သော်​လည်း ပြစ်​မှုကျူးးလွန်​မှုများ ဆက်​လက်​ဖြစ်​ပွား​နေသဖြင့်​ ပိုမိုအ​လေးထားဂုစိုက်​ရမည်​ဖြစ်​သည်​။သက်​ငယ်​မုဒိမ်းမှု ကျူးးလွန်​သူများအားထိ​ရောက်​ပြင်းထန်​စွာ အမြန်​ဆုံးအပြစ်​​ပေးနိုင်​ရန်​ လိုအပ်​သကဲ့သို့ သက်​ငယ်​မုဒိမ်းမှု​လျော့ကျ​စေ​ရေးအတွက်​လည်း အစီအစဉ်​​များ​ချမှတ်​ကာ အ​ကောင်​အထည်​​ဖော်​ရန်​လည်း အလွန်​ပင်​အ​ရေးကြီး​ပေသည်​။
သက်​ငယ်​မုဒိမ်းမှုဖြစ်​​စေ၊သက်​ကြီးမုဒိမ်းမှုဖြစ်​​စေ ဖြစ်​ပွားရ​သော အဓိကအ​ကြောင်းအရင်းများမှာ ကျူးးလွန်​သူများဘက်​တွင်​ အရက်​နှင့်​မူးယစ်​​ဆေးဝါးသုံးစွဲခြင်း၊အင်​တာနက်​စာမျက်​နှာ​ပေါ်တွင်​ အလွယ်​တကူရှာ​ဖွေကြည့်​ရှုနိုင်​​သော ညစ်​ညမ်းစာ​ပေ၊တဏှာရာဂကို ထကြွ​စေ​သော ရုပ်​ပုံများနှင့်​ဗီဒီယိုများ ပိုမိုပျံနှံ့​နေ​သော​ကြောင့်​ဖြစ်​ပြီး ကျူးလွန်​ခံရ​သူများဘက်​တွင်​ ဆင်းရဲနွမ်းပါးမှု၊အသိအမြင်​ဗဟုသုတနည်းပါးမှုနှင့်​သတိမမူ ​နေထိုင်​သွားလာမှုတို့​ကြောင့်​ ဖြစ်​သည်​ကို​တွေ့ရှိ​နေရပါသည်​။
image
မုဒိမ်းမှုများ ​လျော့နည်းပ​ပျောက်​​စေ​ရေးတွင်​ ​ဖော်​ပြပါကိစ္စများကို ရှာ​ဖွေတားဆီးနှိမ်​နင်းခြင်းနှင့်​ အသိပညာ​ပေး သတိ​ပေးနှိုး​ဆော်​မှုများကို ယခုထက်​ ထဲထဲဝင်​ဝင်​ ပိုမို​လုပ်​​ဆောင်​ရန်​လည်းလိုအပ်​လှ​ပေသည်​။ထို့အပြင်​ ပြစ်​မှုကျူးလွန်​သူများအား ထိထိ​ရောက်​​ရောက်​ပြစ်​ဒဏ်​ချမှတ်​နိုင်​​ရေးနှင့်​ချမှတ်​လိုက်​​သောပြစ်​ဒဏ်​များကို အများပြည်​သူ လူမှုဘဝနယ်​ပယ်​အတွင်း ကျယ်​ကျယ်​ပြန့်​ပြန့်​သိရှိနိုင်​ရန်​ မီဒီယာများသာမက ရပ်​ရွာ​ဒေသအဖွဲ့အစည်းများက လှုပ်​ရှား​ဆောင်​ရွက်​ကြရမည်​ဖြစ်​သည်​။
မုဒိမ်းမှုများကို သက်​ဆိုင်​ရာအဖွဲ့အစည်းများက အ​လေးအနက်​ထား​ဆောင်​ရွက်​​နေစဉ်​အတွင်းမှာပင်​ လူမဆန်​​သော သက်​ငယ်​မုဒိမ်းမှုများ ဆက်​လက်​ဖြစ်​ပွား​နေသည်​ကို စိတ်​မချမ်း​မြေ့ဖွယ်​ ကြားသိ​နေရစဲပင်​ဖြစ်​သည်​။သက်​ငယ်​မုဒိမ်းမှုအများဆုံးဖြစ်​ပွား​သော ​ဒေသများမှာ ရန်​ကုန်​တိုင်း​​ဒေသကြီးနှင့်​ဧရာဝတီတိုင်း​ဒေသကြီးတို့ဖြစ်​ပြီး နိုင်​ငံတစ်​ဝန်းတွင်​ ၂၀၁၆ခုနှစ်​က မုဒိမ်းမှု ၁၁၀၀ဖြစ်​ပွားခဲ့သည့်​အနက်​ သက်​ငယ်​မုဒိမ်းမှု ၆၇၁မှုဖြစ်​ခဲ့သည်​။၂၀၁၇ခုနှစ်​တွင်​ မုဒိမ်းမှု ​၁၄၀၅မှုအနက်​ သက်​ငယ်​မုဒိမ်းမှု ၈၉၇မှုဖြစ်​ခဲ့ပြီး ၂၀၁၈ခုနှစ်​တွင်​ ဇန်​နဝါရီလမှဧပြီလအထိ မုဒိမ်းမှု ၅၃၃မှုအနက်​ သက်​ငယ်​မုဒိမ်းမှု ၃၆၀ဖြစ်​ခဲ့ရာ သက်​ငယ်​မုဒိမ်းမှုမှာ ပိုမိုဖြစ်​ပွားလျှက်​ရှိသည်​ကို ​တွေ့ရသည်​။
image
မုဒိမ်းမှုများဖြစ်​ပွားရာတွင်​ တဏှာမုဆိုးများ၏ ​ကျော့ကွင်းအတွင်း မိန်းက​လေးများ ​ရောက်​မသွား​စေ​ရေး သတိထားရမည်​ဖြစ်​သည်​။ထို့​ကြောင့်​ ကာယကံရှင်​ကိုယ်​တိုင်​ အသိအမြင်​ဗဟုသုတနှင့်​သတိထား​နေထိုင်​တတ်​ရန်​ လိုအပ်​​ပေသည်​။ထို့အပြင်​ မိဘအသိုင်းအဝိုင်းတို့ကလည်း ဝိုင်းဝန်းသတိမူ ကာကွယ်​​စောင့်​​ရှောက်​​ပေးရမည်​ဖြစ်​သည်​။ယခုအခါ မုဒိမ်းမှုကျူးလွန်​မှုများအနက်​ ​သွေးမ​တော်​ သားမစပ်​သုများသာမက ​ဆွေမျိုး​တော်​စပ်​သူများ၊ဖခင်​အချို့တို့ပါဝင်​သည်​ကို ကြားသိရသဖြင့်​ မိခင်​များနှင့်​အုပ်​ထိန်းသူများက မိမိတို့သမီးငယ်​များကို ရင်​အုပ်​မကွာ​စောင့်​​ရှောက်​​ပေးရမည်​ဖြစ်​သည်​။
သို့ဖြစ်​ရာ မုဒိမ်းမှုများ ​လျော့နည်းပ​ပျောက်​​စေ​ရေးအတွက်​ အသိပညာဗဟုသုတများ​ပေး​ဝေခြင်း၊ဖြစ်​ပွား​စေနိုင်​​သော အန္တရာယ်​များအား ကြိုတင်​ကာကွယ်​တားဆီးနှိမ်​နင်းခြင်း၊ကျူးလွန်​သူများအား ပြစ်​ဒဏ်​များထိထိ​ရောက်​​ရောက်​ချမှတ်​ပြီး ပြည်​သူများအား အသိ​ပေးခြင်းတို့ကို ပိုမိုလုပ်​​ဆောင်​ခြင်းဖြင့်​ အမျိုးသမီးများဘဝ လုံခြုံစိတ်​ချ​ရေးကို အ​လေးထား​ဆောင်​ရွက်​​ပေးရမည်​ဖြစ်​​ပေသည်​။
image
Ref: Crime Journal
MSU-035

@htoohan

Sort:  

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

This post received a $0.063 (14.57%) upvote from @upvotewhale thanks to @htoohan! For more information, check out my profile!

This post has received a 0.28 % upvote from @drotto thanks to: @htoohan.

This post has received a 3.13 % upvote from @speedvoter thanks to: @htoohan.

@htoohan Plz added Ur Ref Link

သူတို့လည်း လူသားထဲက လူပေမယ့် ခန္ဓာကိုယ် တည်ဆောက်ပုံ သဘာဝ အရ အားနည်းမှု ရှိတာတော့ အမှန်ပဲလေ ကာကွယ်မှု တစ်စုံတစ်ခုသော အတိုင်းအတာ ထိ လိုအပ်တာပေါ့လေ padman ကားလေးထဲ က စကားလေးပြောရရင် woman strong country strong ပေါ့ဗျာ

Right bro! စကားမစပ်​ padmanကား​လေး​တော်​​တော်​​ကောင်းတယ်​​နော်​😁

တရားဥပ​ဒေရဲ့ ဖြန့်​ကျက်​မှုကလည်း ဒထက်​ပိုလိုအပ်​​နေပါ​သေးတယ်​..
မြန်​မာအမျိုးသမီးတစ်​​ယောက်​ရဲ့အရှက်​နဲ့အ​ကြောက်​တရား​တွေကလည်း ဘဝလုံခြှုံအတွက်​ အားနည်းချက်​ဖြစ်​သွားတတ်​ပါ​သေးတယ်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63900.40
ETH 3140.82
USDT 1.00
SBD 3.98