life is a battle

in #esteem6 years ago

ဘ၀ဆိုတာ တိုက်ပွဲလို့ ဆို ပါတယ်...
အခက်အခဲဆိုတာ အနည်းနဲ့ အများကြုံတွေ့ရပါမယ်။ အားငယ်ချိန်တွေရှိမယ်။ ဘ၀ကို စိတ်ပျက်ချိန်တွေ ရှိမယ်။ အဲဒီလို အချိန်မျိုးတွေမှာ ဒီစာလေးတွေကို အခေါက်ခေါက်
ပြန်ဖတ် လိုက် ပါ သူငယ်ချင်.....

◾️ဘ၀မှာ စိန်ခေါ်မှုဆိုတာ မလွဲမသွေ ကြုံတွေ့ရမယ့်အရာပါ။ အနိုင်အရှုံးက ကိုယ်ကြိုက်ရာ ရွေးလို့ရတယ်...

◾️ဒီနေ့ ကြုံတွေ့ရတဲ့ ရုန်းကန်မှုက နောက်နေ့အတွက် လိုအပ်တဲ့ အင်အားကို ဖန်တီးပေးနေတာပါ...

◾️အတ္တက ပြောတယ်။ အရာအားလုံးအဆင်ပြေသွားရင် ငါ စိတ်အေးရပီ
အသိစိတ်ကပြောတယ်။ ငြိမ်းချမ်းမှုကို ရှာပါ..အရာအားလုံး အဆင်ပြေသွားလိမ့်မယ်..

◾️ပြောင်းလဲလို့ရတာ ပြောင်းလဲပါ။ ပြောင်းလဲလို့ မရတာကို လက်ခံပါ။ လက်မခံနိုင်ခြင်းဆိုတာ ဘ၀မှာ မရှိပါစေနဲ့..

◾️အတိတ်ကို ပြန်ရေးလို့မရပါဘူး။ ဒါပေမဲ့ သန့်ရှင်းတဲ့ စာရွက်တစ်ရွက်ကို ယူပီး အနာဂတ်ကို ရေးခြယ်နိုင်ပါသေးတယ်..

◾️အခုလက်ရှိအခြေအနေဟာ အဆုံးသတ်မဟုတ်သေးဘူးဆိုတာ အမြဲသတိရပါ။ အကောင်းဆုံးတွေ ရောက်မလာသေးပါဘူး..

◾️ကောင်းတဲ့အရာတွေ လက်လွတ်သွားတာက ပိုကောင်းတဲ့အရာတွေ ရောက်လာဖို့ပါ..

ဘ၀ကို စိတ်ပျက်နေသူတွေအတွက် သူငယ်ချင်းတို့ အတွက်အားပေး တဲ့ စကားလေး ပါ..သူငယ်ချင်းအားလုံးပဲ Fighting!!!
image

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 65786.95
ETH 3001.50
USDT 1.00
SBD 3.72