ပင်ကို စိတ်ထား

in #esteem6 years ago

ပင်ကိုယ် စိတ်ထား လေး မှာ..
အပို အလို စိတ် လေး မထား ပါနဲ့..,.
အပို အလို စိတ်ထား လိုက်ပီ ဆိုတာနဲ့ ကိုယ့် ရဲ့
နဂို စိတ်လေး မှာ..
ရယူ လို စိတ်တေ အလို မပြည့် မှု့တေ..
လိုချင် တက်မက် စိတ်တေ ....
မလိုလား အပ်သော စိတ်တေ အလိုလို များ လာ ပါလိမ့်မယ်....
ကိုယ့် က သာ သူတစ်ပါး ကို ဘာလုပ်ပေး နိုင်မလဲ..
ဘာလုပ်ပေး လိုက် ရမလဲ...?
ဘယ် လို အကောင်းဆုးံ တေ တုန့်ပြန် လိုက်မလဲ..
ကိုယ့် ရဲ့ နကိုယ် စိတ် အဖြူလေး ကို အသန့်ရှင်း ဆုးံ ပိုပြီး ကြည်လင် အောင် တွေး လိုက်ပါ....
မွေးမြူ ပါ..
မင်္ဂလာ ရှိ စေ ပါတယ်....

သူများ သူတစ်ပါး ဆီ က ဘာကိုမှ မတောင်းဆို မလိုချင် မိ ပါစေ နဲ့....
ကိုယ် ကသာ တန် ဖိုး ရှိ တဲ့ စိတ်လေး ကို
တည်ဆောက်ထားပါ..
ဘာလို့ လဲ ဆိုရင်...
ကိုယ် က ဘယ်လောက် ဘဲ အမြင့် မှာ ရှိနေပါစေ..
ကိုယ့်... ရဲ့အတွင်းစိတ် ကို အထက်သို့ မြှင့် တင် နိုင် မှသာ..
မြင့်မြတ် တဲ့ သူ တစ်ဦး ဖြစ်မှာပါ...

ကိုယ့်ပင်ကိုယ် ဖြူစင် နေတဲ့ စိတ်လေး
ပြုစုထိန်းသိမ်း ထားတဲ့ စိတ်လေး ...
ကိုယ့် ကြောင့် မည်သူ့ ကြောင့် မှ အညစ်အပေ မခံ မိပါစေ နဲ့...
အဖြူရောင် စိတ်ထား...
အဖြူရောင် စိတ် လေး ဆိုတာ..
စင်ကြယ် မြင့်မြတ် သော သူတွေ မှာ သာ မြင်ရတတ်တာ
စိတ်ထား မြင့် သူတေ မှသာ ထားရှိနိုင် သော မြင့်မြတ် တဲ့ နှလုးံသား ပိုင်ရှင် တွေမို့ပါ.....

သေချာလေ့လာ ကြည့်ပါ အရာရာ ကို မြင့်မြင့် မှန်း ကြတဲ့ လူတေရဲ့ ပင်ကိုယ် စိတ် အခံက..
အဖြူရောင် ဖြစ်နေတတ်ပါတယ် ကြာရှည် မမွေးမြူ တတ်ရင်သာ လိုချင်တဲ့ မြင့်မား တဲ့ဘဝ ကို မပိုင်ဆိုင် နိုင်ဘဲ လက်လွှတ် ဆုးံရှုးံကြရတတ်ပါတယ်..

အမြင့် ကို ရောက် နိုင်ဖို့ ကိုယ့် ရဲ့ အတွင်းစိတ် ကို လဲ မြှင့်တင် ထား ရပါမယ်..

အမြဲ အဖြူ အနေအထား လေး ပြင်ဆင်ထား နိုင် ပါစေ....

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.031
BTC 62133.38
ETH 2905.43
USDT 1.00
SBD 3.59