ဘယ်ပန်းချီရေးလို့မမီ

in #esteem6 years ago

မမီမကမ်း
........ငြိမ်းသဇင်​ ပညာ​ရေး.....

ကိုယ်​​နောက်​ကျ​နေတာ -ကိုယ်​ အသိအမှတ်​မပြုရဲရင်
ဘယ်​သူ့မှ ဘယ်​​တော့မှ
အမီလိုက်​လို့ မရဘူး
မမီချင်​​နေ
မကန်းရင်​ ​ဘဝက ​ထေလို့ရပြီ။

ငါတို့က
မိမိကိုယ်​ကို အလိုက်​မသိဘူး
အားလုံးနဲ့ အဆင်​​ပြေဖို့ ကြိုးစားရင်း
ကိုယ့်​အိပ်​မက်​ကို ဖမ်းလို့ မမီ။

လာမယ့်​နှစ်​မှာ
တ​ယောက်​​ယောက်​နဲ့ ရန်​ဖြစ်​ဖို့
စနစ်​တကျကြိုးစားပါ့မယ်​ မစ္စတာ​ချေ​ဂွေဗားရား။

ရန်​သူတစ်​​ယောက်​မှ မရှိတဲ့ဘဝဟာ
လုံခြုံမယ်​ထင်​လို့ မှားမိအခါခါ...
မိတ်​​ဆွေက အားလုံးနဲ့ ​ပြေလည်​​အောင်​အားထုတ်​​နေချိန်​မှာပဲ
အားလုံးက မိတ်​​ဆွေနဲ့ ​သွေးကွဲ​နေပြီ
မမီ
မကမ်း
ဘဝရဲ့ လမ်း။ ။
အိမ်​ကို ပြန်​မ​ရောက်​ဖြစ်​​တော့သူများရဲ့ ည​နေ

တစ်​သက်​လုံးကြိုးစားယူတာ​တောင်
အိမ်​ကို တစ်​ညက​လေး ပြန်​မ​ရောက်​နိုင်​ခဲ့သူ​တွေ
ကမ္ဘာ​မြေ​ရဲ့ အလျားကို
ဘယ်​အရာ​တွေကများ ဆွဲဆန့်​သွားသလဲကွယ်​။
ဘဝကို ညလို့ဆိုရင်
အိပ်​မက်​က ဘယ်​နားကျကျန်​ခဲ့ပါလိမ့်
ည​နေထဲမှာ
မျက်​ရည်​ဝဲ​နေခဲ့ဖူးတဲ့ အခိုက်​အတန့်​များစွာ။
ခရီး​တွေက
ခြေလှမ်းကို စုပ်​ယူမြိုဝါး
လိပ်​ပြာလွင့်​​နေသူများ လည်​ပြန်
အော်​သံ​ခေါ်သံ​တွေနဲ့
ပုစွန်​ဆီ​ရောင်​ ယင်းထ​နေတဲ့ ည​နေ။
အိမ်​ကို ခဏပြန်​ဖို့
သေတင်းကုပ်​တံခါးကို ​ဆောင့်​ကန်​ဖွင့်
သေရည်​နဲ့ ရွက်​လွှင့်​သွားသူတစ်​​ယောက်​ကို​တွေ့ရင်
မထီမဲ့မြင်​လည်း မပြု​စေချင်​ပါဘူး​လေ။
ဘဝဆိုတာ ​ခေါစာပဲလား
ရွာသူပြုစား၊ စုန်း​တောက်​ခံရရင်
ခုလို မိုးချုပ်​ချုပ်​ဆို ပစ်​ရတဲ့
စား​တော်​တိုက်​စရာ ​ခေါစာ ဘဝ​တွေလား
အိမ်​ပြန်​ခဲ့ပါ​တော့လားဆိုတဲ့စကားထက်
နာကျင်​​အောင်​ ဆဲ​ရေးတိုင်းထွာနိုင်​တာ
ဘယ်​ ဘာသာစကားမှ မရှိပါဘူး​ကွယ်
ငြိမ်းလည်း - လွမ်းတယ်
အားလုံးလည်း လွမ်းခဲ့တယ်
မိုင်​တိုင်​အမှတ်​အသား​တွေအကြား
လိပ်​ပြာလွင့်​​နေသူအလား
အိမ်​ကို​တော့ တစ်​​ခေါက်​ ပျံချင်​မိသားကွယ်
ည​နေ​တွေ
ည​နေ​ခင်း​တွေ​ရေ...။ ။
image

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61185.89
ETH 2933.50
USDT 1.00
SBD 3.68